Movie Name
Queen Mantis (2025)
Year
2025
Generes
Crime, Drama
Code
SKR1156
Type
Series
Size
2.66 GB
Country
Korea
Description
ဂျောင်အီရှင်း (Go Hyun-jung)ဟာ Mantis (ဓါးခုတ်ကောင်)ဆိုတဲ့ နာမည်ပြောင်ကို အသုံးပြုပြီးကွင်းဆက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့နှစ် ၂၀ ခန့်က လူ၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ထောင်ထဲမှာ သေဒဏ်ကျခံထားရသူ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူကတော့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ချာဆူယော (Jang Dong Yoon)ဖြစ်ပြီး ဆူယောဟာ သူရဲ့မိခင်ဖြစ်သူကို သူ့ဘဝတလျှောက်လုံး စက်ဆုပ်မုန်းတီးလာခဲ့တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး . . အဲဒီလူသတ်မှုကို စစ်ဆေးကြည့်တဲ့အခါ တရားခံက လွန်ခဲ့တဲ့ နှစ် ၂၀က Mantis ကျူးလွန်ခဲ့တဲ့ပုံစံမျိုး အတုခိုးထားတာကို တွေ့လိုက်ရပါတယ်။ ဒီအချက်ကြောင့်ပဲ လူသတ်တရားခံကို ဖမ်းနိုင်ဖို့အတွက် ဆူယောဟာ သူမုန်းတီးနေတဲ့ မိခင်ဖြစ်သူ ဂျောင်အီရှင်းရဲ့ အကူအညီကိုယူဖို့ ဖြစ်လာပါတော့တယ်။ ဂျောင်အီရှင်းက အဲဒီလူသတ်မှုနဲ့ ဘယ်လိုတွေများ ပတ်သက်နေမလဲ . .။ ဆူယောကရော မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ လူသတ်တရားခံကို နောက်ဆုံးမှာ ဖော်ထုတ်နိုင်မှာလား . . ဆိုတာကို ပဟေဠိဆန်ဆန် လျှို့ဝှက်သည်းဖို ကြည့်ရှုရမဲ့ မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်တာမို့ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း စောင့်မျှော် ကြည့်ရှုလိုက်ပါဦးနော်။