Movie Name
Bloody Flower (2026)
Year
2026
Generes
Crime
Code
SKR1158
Type
Series
Size
2.20 GB
Country
Korea
Description
1-8 Complete ဒီဇာတ်ကားသစ်လေးက‌တော့ စာရေးဆရာ Lee Dong Geonရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ "The Flower of Death" ကိုအခြေခံရိုက်ကူးထားပြီး "ရက်စက်တဲ့လူသတ်သမားလား ဒါမှမဟုတ် လူသားမျိုးနွယ်ကိုကယ်တင်မယ့် ကယ်တင်ရှင်လား"ဆိုတဲ့ မေးခွန်းထုတ်စရာတွေနဲ့ ပရိသတ်ကိုဆွဲဆောင်သွားမယ့် Crime, Thriller အမျိုးအစား ဇာတ်ကားပဲ ဖြစ်ပါတယ် .. Cast တွေအဖြစ် "Reply 1988"မှာ ဒေါ့ဆွန်းရဲ့အဖေအဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Sung Dong-il, "Twinkling Watermelon"ဇာတ်ကားမှ မင်းသား Ryeoun နဲ့ "Youth of May "ဇာတ်ကားမှ မင်းသမီး Keum Sae Rok တို့က အဓိကပါဝင်ထားပါတယ် .. ဇာတ်လမ်းကတော့ .. ဆေးကျောင်းထွက် အီအူဂယောင်း (Ryeoun)ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပေမဲ့ ကုသလို့ မရနိုင်တဲ့ရောဂါတွေကိုတောင် ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ထူးခြားတဲ့ဆေးပညာပါရမီရှင်တစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။ ရှေ့နေဘတ်ဟန်ဂျွန်း (Sung Dong-il)ကတော့ ဦးနှောက်အကျိတ်ရောဂါကိုခံစားနေရတဲ့ သူ့ရဲ့သမီးလေးကို ကုသပေးနိုင်ဖို့အတွက် အီအူဂယောင်းကို အစွမ်းကုန်ကာကွယ်ပေးချင်နေသူပါ။ အမှုစစ်ချာအီယွန်း (Keum Sae Rok)ကတော့ မတရားသေဆုံးခဲ့ရတဲ့ နစ်နာသူတွေအတွက် အီအူဂယောင်းကို သေဒဏ်ပေးဖို့ကြိုးစားနေသူပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စီဇာတ်လမ်းတွေနဲ့ ဒီလူ၃ယောက်ကြားက တင်းမာမှုတွေက ဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ သည်းထိတ်ရင်ဖို စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော် ..