-
Movie Name
-
First Lady (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
SKR1159
-
Type
-
Series
-
Size
-
3.32 GB
-
Country
-
Korea
-
Description
-
1-12 Complete
ဒီဇာတ်ကားလေးကတော့ "Penthouse"ဇာတ်ကားမှ မင်းသမီးEugeneရဲ့ အမိုက်စား comeback dramaဖြစ်ပြီး "Beauty and Mr.Romantic"ဇာတ်ကားမှ မင်းသား Ji Hyun Wooနဲ့ "Perfect Marriage Revenge"ဇာတ်ကားမှာပါဝင်ခဲ့တဲ့ မင်းသမီး Lee Min Youngတို့ကလည်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းကတော့
ချာဆူယွန်း(Eugene)ဟာ အရင်က အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့ပေမဲ့ သူမရဲ့နိုင်ငံရေးဆန္ဒတွေကိုထုတ်ဖော်ပြသခွင့်မရခဲ့တာကြောင့် လက်ရှိသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ဟျွန်းမင်ချော(Ji Hyun Woo)ရဲ့ မဲဆွယ်ကာလတစ်လျှောက်လုံးမှာ အေးအတူပူအမျှ အတူရှိရင်းနဲ့ ပါရမီဖြည့်ပေးနေတတ်တဲ့သူပါ
အဲဒီလိုနဲ့ ဟျွန်းမင်ချောက သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတရာထူးကိုမတက်ခင် ၆၇ရက်အလိုမှာ ချာဆူယွန်းကို ကွာရှင်းဖို့တောင်းဆိုပါတော့တယ်
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းနဲ့ ပိုအေးစက်လာပြီး ဒီလိုအခြေအနေကို ပိုဆိုးရွားလာအောင်ဖန်တီးတဲ့သူကတော့ ဟျွန်းမင်ချောရဲ့အတွင်းရေးမှူးနဲ့ လူယုံတော် ရှင်းဟယ်ရင်း (Lee Min Young)ပဲဖြစ်ပါတယ်
ဒါကြောင့် အမြင့်ဆုံးကိုရောက်သွားတော့မှ ကိုယ့်ကိုကျေးဇူးကန်းသွားတဲ့ယောက်ျားကို ချာဆူယွန်းတစ်ယောက် ဘယ်လိုပညာပေးသွားမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်