Movie Name
Love Phobia (2026)
Year
2026
Generes
Comedy, Fantasy, Sci-Fi
Code
SKR1161
Type
Series
Size
2.58 GB
Country
Korea
Description
1-8 Complete Yoon Bi-a ဟာ AI ကို အခြေခံထားတဲ့ dating app ကို စီမံခန့်ခွဲနေတဲ့ အောင်မြင်တဲ့ ကိုယ်စားလှယ်တစ်ဦးပါ။ သူမဟာ အပြင်ပန်းမှာတော့ ပရော်ဖက်ရှင်နယ်ဆန်ပြီး ယုံကြည်ချက်အပြည့်နဲ့ အောင်မြင်တဲ့သူလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အတိတ်က ဖြစ်ရပ်ကြောင့် လူတွေနဲ့ တစ်နာရီထက်ပိုပြီး အနီးကပ် မနေနိုင်တဲ့ စိတ်ဒဏ်ရာကို သယ်ပိုးထားရသူလေးဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ AI ကလူတွေထက် ပိုသက်သောင့်သက်သာဖြစ်စေတယ်လို့ ယုံကြည်ပြီး သူမနဲ့ ၁၀၀ % ကိုက်ညီပြီး ၁၀၀% စစ်မှန်တဲ့အချစ်ကို ပေးစွမ်းနိုင်တဲ့ AI နဲ့ အချစ် era တစ်ခုကို ဖန်တီးခဲ့ပါတယ်။ တစ်ဖက်မှာတော့ နာမည်ကြီး အချစ်ဝတ္ထုစာရေးဆရာဖြစ်တဲ့ Han Seon Ho ကတော့ အချစ်အကြောင်းတွေကို လှလှပပနဲ့ ဖွဲ့နွဲ့ရေးသားနိုင်ပေမဲ့လည်း တကယ် လက်တွေ့ဘဝမှာတော့ ကိုယ့်ခံစားချက်ကိုယ် နားမလည်ဘဲ အဖြေရှာရခက်နေသူတစ်ဦးပါ။ အဲဒါကြောင့်ပဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးမှာ အမြဲတမ်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပေါ့ .. အဲဒီလိုမျိုး မတူညီတဲ့ စိတ်ဒဏ်ရာ အသီးသီးကို ထွေးပွေ့ထားရတဲ့ သူတို့နှစ်ယောက်ဟာ Bi-a ရဲ့ AI ပရောဂျက်ကြောင့် တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ .. ဖုံးကွယ်ထားတဲ့ နာကျင်မှုတွေ စိတ်ဒဏ်ရာတွေကို အချင်းချင်း ကုစားပေးရင်းနဲ့ အကျင့်စရိုက်ချင်း လုံးဝ ကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်ပန်းလေး ဖူးပွင့်လာမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် ..