-
Movie Name
-
No Tail To Tell (2026)
-
Year
-
2026
-
Generes
-
Comedy, Fantasy, Sci-Fi
-
Code
-
SKR1163
-
Type
-
Series
-
Size
-
4.19 GB
-
Country
-
Korea
-
Description
-
1-12 Complete
Eun Ho(Kim Hye Yoon) ဟာ ဆုတောင်းတွေကို ဖြည့်ပေးရတဲ့ အမြှီးကိုးချောင်း မြေခွေးမလေးဖြစ်ပြီး တခြားဂူမီဟိုတွေနဲ့ မတူဘဲ လုံးဝ လူသားဖြစ်မလာချင်တဲ့သူတစ်ဦးပါ။
မြိုဟျန်းတောင်မှာ မွေးဖွားလာခဲ့တဲ့ သူမဟာ နှစ်ပေါင်းများစွာကြာအောင် လူဖြစ်လာဖို့အတွက် လေ့ကျင့်ခဲ့ပေမဲ့လည်း .. နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကို လူသားဖြစ်လာအောင် မလုပ်တော့ဖို့ စိတ်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကိုယ့်ကိုယ်ကိုယ်ချစ်စိတ် ပြင်းထန်ပေမဲ့ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ Kang Shi-Yeol (Lomon) ကတော့ အရည်အချင်းပြည့်ဝတဲ့ ဘောလုံးအားကစားသမားဖြစ်ပြီး
သူ့ဘဝဟာ အံ့အားသင့်စရာဆိုတာထက် အသေးစိတ်သတ်မှတ်ထားတဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ပဲ ဟန်ချက်ညီညီ ပုံမှန်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဆုတောင်းတစ်ခုကြောင့် ..
လူသားဖြစ်မလာချင်ခဲ့တဲ့ Eun Ho ဟာလည်း လူသားလုံးလုံးဖြစ်သွားခဲ့ရပြီး .. ဟန်ချက်ညီညီ လည်ပတ်နေတဲ့ Kang Shi-Yeol ရဲ့ ဘဝဟာလည်း ကမောက်ကမတွေ စဖြစ်လာရပါတော့တယ်။
မျှော်လင့်မထားခဲ့ရတဲ့ တွေ့ဆုံမှုမှာ အချင်းချင်း တွန်းလိုက် ဆွဲလိုက်၊ စကားနိုင်တွေ လုလိုက်ကြနဲ့ နှစ်ယောက်သားရဲ့ ကြားထဲမှာ သူတို့တောင် မသိလိုက်ခင် ပေါက်ဖွားလာကြမဲ့ အချစ်တွေကို ရယ်မောရင်းနဲ့ နစ်မြောကြည့်ရှုရမဲ့ ကားလေးဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုကြပါဦးရှင်။