Movie Name
Our Dazzling Days(2026)
Year
2026
Generes
Drama
Code
SC1115
Type
Series
Size
9.54 GB
Country
China
Description
1-30 Complete ဆယ်ကျော်သက်အရွယ်တွေဖြစ်တဲ့ ကျန်းရှောင်မန်၊ ရှလေ့နဲ့ယန်ရှောင်တျန်းတို့ဟာ ခွဲမရတဲ့ သူငယ်ချင်းအရင်းအချာတွေပါ။ အရွယ်ရောက်လာချိန်မှာတော့ ရှလေ့ဟာ ရှန်ဟိုင်းရဲ့တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခွင့်ရရှိခဲ့ပြီး ခေတ်ရေစီးကြောင်းအတိုင်း စီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲ့နောက် ထျယ်ရှီးချန်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ရှောင်မန်နဲ့ဆက်သွယ်ကာ စီးပွားရေးလုပ်ငန်းတွေ အတူတကွလုပ်ကိုင်ခဲ့ကြပါတယ်။ တစ်ဖက်မှာလဲ ရှောင်တျန်းဟာ မိသားစုနဲ့အတူ ဟန်ကျိုးကိုပြောင်းရွှေ့ကာ ဗိသုကာပညာရပ်ကိုသင်ယူခဲ့ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံမှာ ပညာတော်သင်အဖြစ် သင်ယူခဲ့ပါတယ်။ ရှောင်မန်ကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ခွဲခွာမရတဲ့သူငယ်ချင်းသုံးဦးဟာ ကိုယ်ရွေးချယ်ရာလမ်းကြောင်းတွေကြောင့် လမ်းခွဲသွားခဲ့ရပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စတစ်ခုကြောင့် သူတို့သုံးဦးလုံးဟာ ဇာတိမြေကိုပြန်လာဖို့နဲ့ ဇာတိမြို့ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တစ်ချိန်က စက်ရုံဝင်းအတွင်း အတူဆော့ကစားခဲ့ကြတဲ့ကလေးငယ်သုံးဦးဟာ ပြန်လည်ပေါင်းစည်းပြီး တာဝန်သိတတ်တဲ့မြို့ပြတည်ဆောက်ရေးပညာရှင်တွေအဖြစ် ဖြည်းဖြည်းချင်းရင့်ကျက်စွာပြောင်းလဲလာခဲ့ကြရာမှ... သူငယ်ချင်းသုံးဦးကြားက သံယောဇဉ်က အရင်လိုပဲအဖြူထည်ဖြစ်နေမလား? ဘဝဟာ သူတို့ကို ဘယ်လိုပုစ္ဆာတွေပေးမလဲ?? သူတို့ကရော အချင်းချင်းစည်းလုံးစွာနဲ့ ဘယ်လိုတွေရင်ဆိုင်ကူညီကြမလဲဆိုတာကို သိချင်ရင် စီးရီးကို လုံးဝလက်မလွှတ်လိုက်ပါနဲ့ဗျို့!