-
Movie Name
-
The Dream Life Of Mr. Kim (2026)
-
Year
-
2026
-
Generes
-
Comedy
-
Code
-
SKR1165
-
Type
-
Series
-
Size
-
3.98 GB
-
Country
-
Korea
-
Description
-
1-12 Complete
တစ်မူထူးခြားတဲ့ အရည်အချင်းနဲ့ အရောင်းပိုင်းမှာ အောင်မြင်မှုတွေ အမြဲ ယူဆောင်ပေးနိုင်ခဲ့ပြီး ရာထူးတိုးတဲ့ အခွင့်အရေးနဲ့ တစ်ခါမှ
မလွဲချော်ခဲ့ဖူးတဲ့ လုပ်သက် ၂၅ နှစ် အတွေ့အကြုံရှိ အရောင်းစာရေး မန်နေဂျာကြီး Kim Nak Su ဟာ မိသားစုနဲ့ ကုမ္ပဏီအတွက် မနားမနေ
အလုပ်ကြိုးစားခဲ့သူ တစ်ယောက်ပါ။
အဲဒီလို အလုပ်ကြိုးစားတဲ့ရလဒ်ကြောင့်ပဲ သူဟာ ဆိုးလ်မြို့မှာ အကောင်းဆုံး အဆင့်မြင့်တိုက်ခန်းကို ပိုင်ဆိုင်ပြီး ဇနီး , သားလေးနဲ့ အတူ
လူအများအားကျရတဲ့ ဘဝမှာ နေထိုင်နေခဲ့တာပေါ့။ ဒါပေမဲ့ လူ့ဘဝဆိုတာကို အမြဲတမ်း ပုံသေတွက်ထားလို့ မရဘူးဆိုတဲ့ စကားအတိုင်းပဲ
Kim Nak Su ဟာ တစ်နေ့မှာ မမျှော်လင့်ထားတဲ့ ဘဝရဲ့အပြောင်းအလဲ အချိုးအကွေ့တွေနဲ့ ကြုံတွေ့လိုက်ရတဲ့အချိန်မှာတော့ သူပိုင်ဆိုင်ထားတဲ့
အရာအားလုံးကို မျက်စိရှေ့မှာပဲ ဆုံးရှုံးလိုက်ရပါတော့တယ် …. ။
နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားတည်ဆောက်ထားခဲ့တဲ့ အရာအားလုံး ပြိုလဲပျက်စီးသွားပြီးတဲ့နောက်မှာ
Kim Nak Su တစ်ယောက် ဘဝရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ဘယ်လိုရှာဖွေတွေ့ရှိသွားမလဲဆိုတာကို ဟာသလေးနှောပြီး ရိုက်ကူးထားတာဖြစ်လို့
ပေါ့ပေါ့ပါးပါး ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။