-
Movie Name
-
Giant (2025)
-
Year
-
2025
-
Generes
-
Drama, Historical
-
Code
-
OT0578
-
Type
-
Movie
-
Size
-
1.04 GB
-
Country
-
Others
-
Description
-
ရှက်ဖီးလ် (Sheffield) မြို့က အလုပ်သမားလူတန်းစား ရပ်ကွက်လေးတစ်ခုကနေ စတင်ထားပါတယ်။ အသက် ၇ နှစ်အရွယ် ယီမင်နွယ်ဖွား ကောင်လေး Naz ဟာ နည်းပြကြီး Brendan Ingle ရဲ့ လက်ဝှေ့ရုံကို ခြေချမိရာကနေ သူတို့နှစ်ဦးရဲ့ ထူးခြားတဲ့ ခရီးစဉ်ကြီး စတင်ခဲ့ပါတယ်။
ဒီကားထဲမှာ နည်းပြ Brendan ဟာ Naz ရဲ့ ထူးခြားတဲ့ ပါရမီကို မြင်အောင်ကြည့်နိုင်ခဲ့ပြီး၊ သာမန်လက်ဝှေ့သမားတွေနဲ့မတူဘဲ ကခုန်သလို ထိုးသတ်တဲ့ "Unorthodox Style" ကို ဘယ်လို ပျိုးထောင်ပေးခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
လူမျိုးရေးခွဲခြားမှုတွေ၊ အခက်အခဲတွေကြားကနေ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ သူတို့နှစ်ဦး ရူးရူးသွပ်သွပ် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လက်ဝှေ့သမိုင်းတစ်လျှောက်မှာ အထူးခြားဆုံး၊ အဆန်းပြားဆုံးနဲ့ ပြိုင်ဘက်တွေကို အလှောင်ပြောင်နိုင်ဆုံး Fighter တစ်ယောက်ကို ပြပါဆိုရင် ဗြိတိန်-ယီမင်နွယ်ဖွား Prince Naseem “Naz” Hamed ကို ဘယ်သူမှ မေ့ထားလို့ မရပါဘူး။
ဒီဇာတ်ကားဟာ သာမန်အားကစားကားတစ်ကားထက်ပိုပြီး လူငယ်လေးတစ်ယောက်ရဲ့ အိပ်မက်နဲ့ ခိုင်မာတဲ့ ဆရာတပည့်သံယောဇဉ်ကို အခိုင်အမာ ရိုက်ပြထားတဲ့ Sport/Drama ကားကောင်းတစ်ကားဖြစ်ပါတယ်။