Movie Name
Boyfriend On Demand (2026)
Year
2026
Generes
Comedy, Drama, Fantasy
Code
SKR1167
Type
Series
Size
4.04 GB
Country
Korea
Description
1-10 Complete Blackpink အဖွဲဝင် မမဂျီဆူးရဲ့ ဇာတ်လမ်းတွဲ အသစ်လေးကတော့ ဒီကနေ့မှာ ထွက်ရှိလာခဲ့ပါပြီရှင်။ ဆန်းသစ်တဲ့ဇာတ်လမ်းဖြစ်ပြီး နာမည်ကြီး မင်းသားများကို တစ်စုတဝေးကြီး မြင်ရမယ့်အပြင် လှပတဲ့ ဖက်ရှင်ပဒဿများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဆောမီရယ်ဟာ Webtoon ပီဒီတစ်ယောက်ဖြစ်ပြီး သူ့ခမျာ နေ့မအား ညမအား အလုပ်ချိန်ဇယားတွေနဲ့ ပြည့်နှက်နေသလို အလုပ်ချိန်အပြီးမှာလည်း တစ်ကိုယ်တည်း အနားယူပြီး ကုန်ဆုံးနေတတ်သူဖြစ်တဲ့အလျောက် သူမဘဝမှာ ချစ်သူကောင်လေးအပထား အီစီကလီ ရင်ခုန် စိတ်လှုပ်ရှားမှုဆိုတဲ့ ခံစားချက်နဲ့တောင် အလှမ်းဝးနေသူပါ။ တစ်နေ့မှာတော့ သူမဆီကို device တစ်ခုရောက်ရှိလာခဲ့ပြီး အဲဒီ device ကတစ်ဆင့် virtual world ထဲမှာ ပြီးပြည့်စုံတဲ့ အမျိုးသားတွေနဲ့ ရိုမန့်စ် အခိုက်အတန့်ကို ခံစားလိုက်ရချိန် သူမရဲ့ ကွယ်ဝှက်နေတဲ့ အချစ်ဆဲလ်တွေဟာ နိုးထလာခဲ့ပါတော့တယ်။ တစ်ဖက်မှာ အလားတူ Webtoon ပီဒီဖြစ်တဲ့ ဘတ်ဂယောင်းနမ်ကတော့ လုပ်ရည်ကိုင်ရည်တော်ပေမဲ့ အများနဲ့မတူ ကွဲထွက်နေတဲ့ လူဂွစာဖြစ်တဲ့အတွက် မီရယ်ဟာ ဂယောင်းနမ်နဲ့ အလုပ်တွဲလုပ်ရတိုင်း စိတ်မသက်မသာခံစားရပါတယ်။ သိုသော်လည်း မီရယ်တစ်ယောက် အချစ်ဆဲလ်တွေ ပွင့်ထွက်လာချိန်မှာ ဂယောင်းနမ်နဲ့ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာကြမလဲ… တင်းမာနေတဲ့ ကြိုးလေးတွေက ဘယ်လိုလှိမ်ယှက်သွားမလဲ... ဆိုတာကို ရင်ခုန်စွာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးမို ပရိသတ်ကြီးတို အတူတူခံစားကြည့်ရှုလိုက်ရအောင်နော်။