-
Movie Name
-
Bystander (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
CN1116
-
Type
-
Movie
-
Size
-
778 MB
-
Country
-
China
-
Description
-
အချိန်တွေကုန်ဆုံးပြီးခါမှ တန်ဖိုး အနှစ်သာရ အဖြစ်မှန်ကိုသိလာရတဲ့အခါမှာ ဘယ်လိုဆုံးဖြတ်ချက်တွေကို နောင်တရမိလဲ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားကို
သွယ်ဝိုက်သောနည်းနဲ့ပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးဟာ ခေါင်းစဉ်နာမည်နဲ့တင် ဇာတ်ကျောရိုးနဲ့ တဲ့ထိအောင်ပေးထားတာဖြစ်လို့ ဇာတ်အညွှန်းလေးကို တစ်ချက်တီးခေါက်ပေးပြပါမယ်
အိမ်နဲ့ဝေးရာမှာ ၁၆နှစ်လုံးလုံးနေထိုင်ခဲ့တဲ့ ချန်ကျားဟွေး (Chen Kun) တစ်ယောက် အဖေဖြစ်သူ ချန်ဝေမင် (Wang Jinsong) အသည်းအသန်ဖြစ်နေပြီဆိုဇာတိမြေကို
ပြန်လာခဲ့ရတယ်။ သူရောက်သွားတဲ့အချိန်မှာတော့ အဖေဖြစ်သူဟာ စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ Comaဝင်ပြီး မကြာခင်ပဲ လောကကြီးကိုနှုတ်ဆက်သွားခဲ့ပါတယ်
အဖေဖြစ်သူရဲ့ ဈာပနအပြီးမှာ ကျားဟွေးဟာ အစ်ကိုကြီးနဲ့ အစ်မဖြစ်သူတို့နဲ့အတူ အဖေ့ရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို လိုက်သိမ်းကြတယ်။ အဲဒီမှာတင်
သူတို့မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်အစအနလေးတွေကို စတွေ့တာကနေ ... သူတို့သိထားတဲ့ အဖေဟာအေးအေးဆေးဆေးနဲ့ ရိုးရိုးသားသား နေထိုင်တတ်သူဖြစ်ပေမဲ့လည်း
အဖေချန်ထားရစ်ခဲ့တဲ့ ပစ္စည်းတွေနဲ့ အမှတ်အသားတွေက အဖေ့မှာ သူတို့မသိတဲ့နောက်ထပ် ဘဝတစ်ခုရှိနေခဲ့သလားလို့ သံသယဝင်စရာတွေ ဖြစ်လာတယ်။
အဖေဖြစ်သူဟာ ဘာလို့ ဒီလောက်ထိ တိတ်ဆိတ်ခဲ့တာလဲ?သားသမီးတွေကိုရော ဘာတွေ ဖုံးကွယ်ခဲ့တာလဲ? အဲဒီလျှို့ဝှက်ချက်ကို စုံစမ်းရှာဖွေရင်းကနေပဲ ကျားဟွေးဟာ
သူ့အဖေနဲ့ တစ်သက်လုံး ပြေမလည်ဖြစ်ခဲ့တဲ့ အမုန်းတရားတွေ နားလည်မှုလွဲတာတွေကိုအဖြေပေးမဲ့ သော့ချက်ကိုရှာတွေ့ခဲ့ပါတော့တယ်
မိသားစုတစ်ခု တစ်အိမ်တည်းမှာ အတူနေခဲ့ကြပေမဲ့လည်း တစ်ယောက်အကြောင်းတစ်ယောက် နားမလည် မသိရှိခဲ့ကြတဲ့သူတွေဟာ တကယ်တော့ တစ်ယောက်အတွက်
တစ်ယောက်ဟာဘေးလူ (Bystander) တွေပဲ ဖြစ်နေခဲ့ပုံကို ဒီဇာတ်ကားမှာ Chen Kun ရဲ့ မျက်ဝန်းနက်တွေနဲ့ သရုပ်ဆောင်ချက်တွေကသက်ဝင်စွာပုံဖော်ပေးထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်