-
Movie Name
-
Family At Large (2025)
-
Year
-
2025
-
Generes
-
Crime, Drama
-
Code
-
CN1117
-
Type
-
Movie
-
Size
-
894 MB
-
Country
-
China
-
Description
-
ဒီနေ့မှာတော့ လူကုန်ကူးမှုနဲ့ပတ်သတ်တဲ့ အမှုအခင်းကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးမှာတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ဟူကဲတို့
ဝမ်ချီတို့ကပါဝင်သရုပ်ဆောင်ထားပြီး ပညာပေးကားလေးတစ်ခုဖြစ်သလို အက်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ -
ရွှင့်လုလို့ခေါ်တဲ့ယောက်ျားတစ်ယောက်က သစ်မှောင်ခိုလုပ်ရင်းထောင်ကျခဲ့ပါတယ် ။ ဒါပေမဲ့ထောင်ဆိုတာကသိတဲ့အတိုင်း မကောင်းမှုကျူးလွန်တဲ့သူတွေချည်းစုနေတဲ့
နေရာဖြစ်တော့ မကောင်းတဲ့အရပ်မှာနေရင်း မကောင်းတဲ့အကျင့်တွေအလွယ်တကူကူးစက်လာခဲ့ပါတယ် ။ သူနဲ့အခန်းဖော်ဖြစ်သူက မိန်းကလေးတွေကို
မှောင်ခိုကူးရင်း ထောင်ထဲဝင်လာတဲ့သူဖြစ်တော့ ရွှင့်လုကို ရုပ်ရည်ရှိလိုက်သားနဲ့ မင်းသာဒီအလုပ်ကိုလုပ်ရင် သေချာပေါက်အောင်မြင်မှာဆိုပြီး မြောက်ပင့်ပြောဆိုလာပါတော့တယ်
ဒါပေမဲ့ရွှင့်လုထောင်ကထွက်လာတဲ့အချိန်မှာ သူ့သားလေးကလည်း ရုတ်တရက်ပျောက်ဆုံးသွားပြီး ထောင်ကထွက်ခါစရွှင့်လုတစ်ယောက် လူကုန်ကူးတဲ့သူတွေ
ဖမ်းသွားမယ်ဆိုတာကို ရိပ်မိသွားပါတော့တယ် ။ ဒီလိုနဲ့ အဲဒီပျောက်ဆုံးနေတဲ့ကလေးကို ရှာဖို့အတွက်ရွှင့်လုကိုယ်တိုင် လူကုန်ကူးတဲ့ဂိုဏ်းထဲဝင်ဖို့ ထောင်ထဲက
သူငယ်ချင်းပြောတဲ့အတိုင်းလုပ်ပါတော့တယ် ။ သို့ပေမဲ့ အမှားတစ်ခုကို ကျူးလွန်ပြီးတာနဲ့ နောက်ပြန်ဆုတ်ဖို့လည်းခက်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ
နဂါးဆိုးနဲ့ တိုက်ခိုက်နေတဲ့သူဟာ ကိုယ်တိုင်လည်း နဂါးဆိုး ဖြစ်မသွားအောင် သတိထားရမယ်ဆိုတဲ့သူပြောခဲ့တဲ့စကားအတိုင်း ရွှင့်လုတစ်ယောက် သားကိုကယ်ဖို့
လူကုန်ကူးဂိုဏ်းထဲဝင်ဖို့ကြိုးစားရင်း ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်လို့ အခုပဲ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ကြပါအုံးနော်
Filesize : 895 MB / 515 MB