Movie Name
Kuncen (2025)
Year
2025
Generes
Horror
Code
OT0581
Type
Movie
Size
713 MB
Country
Others
Description
ဇာတ်လမ်းလေးကတော့ အာဝင်ဒယာ (Awindya) ဆိုတဲ့ အထက်တန်းကျောင်းသူလေးကနေ စထားတယ်။ သူ့ကောင်လေး ဒက်ဗလင် (Devlin) က မာဘာဘူ (Merbabu) တောင်ကို တောင်တက်သွားရာကနေ ၂၄ နာရီကြာတဲ့အထိ အဆက်အသွယ် ပြတ်သွားပါတယ်။ အဲဒါနဲ့ စိတ်ပူသွားတဲ့ အာဝင်ဒယာက သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အက်ဂ်နက်စ် (Agnes) နဲ့ မိုဂျို (Mojo) တို့ကို ခေါ်ပြီး ကောင်လေးကို လိုက်ရှာဖို့ တောင်ပေါ်ကို တက်သွားကြပါတော့တယ်။ ဒါပေမဲ့ တောင်ခြေရွာကို ရောက်တဲ့အခါမှာတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) ကြီး အသတ်ခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို ကြားလိုက်ရတယ်။ တောင်စောင့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် လူ့လောကနဲ့ နာမ်လောကကြားက အတားအဆီးတွေ ပျက်စီးသွားပြီး မကောင်းဆိုးဝါးတွေ သောင်းကျန်းပါတော့တယ်။ အဲဒီအချိန်မှာ သူတို့လိုပဲ တောင်ပေါ်မှာ လူပျောက်ရှာနေတဲ့ ယိုဂါ (Yoga) နဲ့ ဒစ္စကာ (Diska) တို့နဲ့ သွားဆုံကြတယ်။ သူတို့သူငယ်ချင်းတွေကို ပြန်ရှာတွေ့ဖို့နဲ့ ဒီတောင်ပေါ်ကနေ အသက်ရှင်ရက် ပြန်ထွက်နိုင်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ တောင်စောင့်ပုဂ္ဂိုလ် (Kuncen) အသစ် တစ်ယောက်ကို အမြန်ဆုံး အစားထိုး ရှာဖွေပေးဖို့ပါပဲ။ သူတို့တွေ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား၊ ပျောက်နေတဲ့ သူတွေကိုရော ပြန်ရှာတွေ့ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။ ဒီကားက သာမန် သရဲခြောက်တဲ့ ဇာတ်လမ်းမျိုးလောက်တင် မဟုတ်ဘဲ ဒေသခံတွေရဲ့ ရိုးရာယုံကြည်မှုတွေ၊ တောင်တက်ရင်း ကြုံရတတ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေကိုပါ သဘာဝကျကျ ထည့်ရိုက်ထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သရဲကား ကြိုက်တဲ့သူတွေ၊ အထူးသဖြင့် တောင်တက်တာ ဝါသနာပါတဲ့သူတွေဆိုရင် သဘောကျမယ့် ကားမျိုးပါ။