Movie Name
Swords Of Legends- Heart Of The Sword (2026)
Year
2026
Generes
Fantasy
Code
CN1119
Type
Movie
Size
1.42 GB
Country
China
Description
ရှန်းရှဇာတ်လမ်းတွေကို အချိန်အများကြီးပေးပြီး မကြည့်နိုင်ဘူးဆိုရင် ခဏတာအပန်းဖြေဖို့ ဒီရှန်းရှာရုပ်ရှင်လေးကို ကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းအကျဉ်းကတော့- နတ်သားချန်ချင်ဟာ အပြစ်ကျူးလွန်မိခဲ့တဲ့အတွက် ကောင်းကင်ဘုံက နှင်ထုတ်ခံခဲ့ရပြီး ဘဝပြောင်းချိန်မှာ ဝိညာဉ်နှစ်ပိုင်းကွဲသွားပါတယ်။ တစ်ပိုင်းက လူ့ပြည်မှာ အိုးရန်ရှောက်ကုန်းအဖြစ်ပြန်လည်ဝင်စားခဲ့ပြီး နောက်တစ်ပိုင်းကတော့ ဖန်ကျိဓားထဲမှာ ပိတ်လှောင်ခံထားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က နွီဝါးနတ်ဘုရားမက ဖန်ကျိဓားထဲက မိစ္ဆာဝိညာဉ်ကြောင့် လူ့လောကပျက်စီးမှာ စိုးရိမ်တဲ့အတွက် ဖန်ကျိဓားကို ဝူမုန်းဝိညာဉ်တောင်ကြားမှာ ချိပ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဖန်ကျိဓားထဲကကြီးမားတဲ့ စွမ်းအားတွေကြောင့် ဝူမုန်းဝိညာဉ်တောင်ကြားအတွက် ပျက်ဆီးခြင်းဘေးတွေ ကျရောက်လာခဲ့ပါတယ်။ နွီဝါးနတ်ဘုရားမဟာလည်း ယွင်ရှီးကို ကာကွယ်ဖို့အတွက် ဖန်ကျိဓားဝိညာဉ်ကို ယွင်ရှီးရဲ့ ခန္ဓာထဲကို ထည့်ပေးခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။ ယွင်ရှီးဟာလည်း ပိုင်လီထူစူးအဖြစ်နဲ့ ဆရာသခင်ရဲ့ မွေးစားခြင်းကို ခံခဲ့ရပြီး ဖန်ကျိဓားနဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ဖန်ကျိဓားရဲ့ ထိန်းချုပ်မှုက လွတ်မြောက်ချင်တဲ့ ပိုင်လီထူစူးနဲ့ လူ့ပြည်မှာ ဝင်စားနေပြီးဖြစ်တဲ့ အိုးရန်ရှောက်ဖုန်းတို့ ပြန်လည်ဆုံတွေ့ကြတဲ့အခါ သူတို့ကံကြမ္မာကို ဖြေရှင်းဖို့ နည်းလမ်းကို ရှာတွေနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။