Movie Name
Scream 7 (2025)
Year
2025
Generes
Crime, Horror
Code
OT0583
Type
Movie
Size
810 MB
Country
Others
Description
Sidney တစ်ယောက် Pine Grove မြို့လေးမှာ ရဲအရာရှိ ခင်ပွန်း Mark နဲ့ အတူ အေးအေးချမ်းချမ်း နေထိုင်နေတာပေါ့။ သူတို့မှာ Tatum ဆိုတဲ့ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။ ဒီနာမည်က Sidney ရဲ့ ဆုံးပါးသွားတဲ့ သူငယ်ချင်းကို အမှတ်တရအနေနဲ့ ပေးထားတာပါ။ ဒါပေမဲ့ Sidney ရဲ့ အေးချမ်းတဲ့ ဘဝလေးက သိပ်မခံပါဘူး။ မျက်နှာဖုံးစွပ် လူသတ်သမား (Ghostface) အသစ်တစ်ယောက် ထပ်ပေါ်လာပြီး ဒီတစ်ခါတော့ Sidney ရဲ့သမီးလေး Tatum ကိုပါ ပစ်မှတ်ထားလာတော့တာပါပဲ။ ဒီလူသတ်သမားက တကယ်ရော ဘယ်သူဖြစ်မလဲ။ သေပြီလို့ ထင်ခဲ့ရတဲ့ Stu Macher များ ပြန်အသက်ရှင်နေတာလား ဆိုတာ စိတ်ဝင်စားစရာပါ။ Sidney တစ်ယောက် သူ့မိသားစုကို ကာကွယ်ဖို့အတွက် အတိတ်က အဖြစ်အပျက်ဆိုးတွေကို ပြန်ရင်ဆိုင်ရမယ့် အပိုင်းတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။ Neve Campbell, သတင်းထောက် Gale အဖြစ် Courteney Cox, ခင်ပွန်း Mark အဖြစ် Joel McHale, သမီးလေး Tatum အဖြစ် Isabel May တို့ အဓိက ပါဝင်ထားကြတယ်။ ပြီးတော့ အရင်ကားက အသက်ရှင်ကျန်ရစ်သူ အမွှာမောင်နှမ Mindy နဲ့ Chad တို့အပြင် Stu အဖြစ် Matthew Lillard ပါ ပြန်ပါလာတယ်ဆိုတော့ အရင် Scream ပရိသတ်တွေ အကြိုက်တွေ့မယ့် ကားလေးပါ။ ဒီကားက အရင်ကားတွေလိုပဲ သွေးထွက်သံယို အခန်းတွေ၊ လန့်စရာတွေ အပြည့်ပါပဲ။ Sidney ရဲ့ မိခင်မေတ္တာနဲ့ မိသားစုကို ကာကွယ်ချင်တဲ့ စိတ်ကို သေချာလေး ရိုက်ပြထားတယ်။ ရုပ်ရှင်ထဲက မျက်နှာဖုံးစွပ်ကလည်း တကယ့်ကို ရက်စက်တဲ့ လူသတ်သမားမို့လို့ သွေးထွက်သံယိုကားတွေ သဘောကျတဲ့သူတွေ၊ Scream series ကို အစကတည်းက အားပေးလာတဲ့ ပရိသတ်တွေဆိုရင်တော့ သဘောကျမယ့် ဇာတ်လမ်းလေး ဖြစ်မှာ အသေအချာပါပဲ။