-
Movie Name
-
Ballerina Assassin (2025)
-
Year
-
2025
-
Generes
-
Action, Thriller
-
Code
-
EN4714
-
Type
-
Movie
-
Size
-
607 MB
-
Country
-
Hollywood
-
Description
-
ဒီရုပ်ရှင်ဟာ နာမည်ကြီး John Wick Universe ရဲ့ Ballerina ကားနဲ့ နာမည်ရော၊ ထွက်ရှိတဲ့ အချိန်ပါ ဆင်တူအောင်
ရည်ရွယ်ထုတ်လုပ်ထားတဲ့ "Mockbuster" (နာမည်ကြီးကားတွေကို ပုံစံတူ အကုန်အကျနည်းနည်းနဲ့ ပြန်ရိုက်တဲ့ကား)
အမျိုးအစား ဖြစ်ပါတယ်။
မင်းသမီး Preet Kaur က Maria Herrera အဖြစ် သရုပ်ဆောင်ထားပါတယ်။
သူဟာ အရင်က ဘဲလေးကချေသည်တစ်ဦးဖြစ်ပေမယ့်လည်း ယခုအခါ အစိုးရလျှို့ဝှက်အဖွဲ့အစည်းတစ်ခုအတွက်
အလုပ်လုပ်ပေးနေတဲ့ ထိပ်တန်းအေးဂျင့်တစ်ဦး ဖြစ်ပါတယ်။
သူ့ကို ပေးအပ်ထားတဲ့ တာဝန်ကတော့ နာမည်ကြီး ရာဇဝတ်ဂိုဏ်းချုပ် Javier Aguilar ကို ဖမ်းဆီးနိုင်ဖို့အတွက်
ဘဲလေးကပွဲ လာရောက်ယှဉ်ပြိုင်မယ့် အဆိုပါဂိုဏ်းချုပ်ရဲ့ ဇနီးဖြစ်သူ Carmen နှင့် ရင်းနှီးအောင် လုပ်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ကိုယ်ပိုင်အဖွဲ့အစည်းထဲမှာပဲ သစ္စာဖောက် ရှိနေတာကို သိရှိသွားတဲ့နောက် အရေးကြီးတဲ့အချက်အလက်တွေပါတဲ့
Hard Drive တစ်ခုကို ရယူဖို့ ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းနဲ့ မိမိအဖွဲ့အစည်းထဲက သစ္စာဖောက်တွေကြား တိုက်ခိုက်ရပုံကို
ရိုက်ကူးထားတာြဖစ်ပါတယ်။
Ana de Armas ရဲ့ Ballerina ကားလောက် မခမ်းနားပေမယ့် အက်ရှင်ကားအပေါ့စား ကြည့်ချင်သူတွေအတွက်တော့
အဆင်ပြေနိုင်ပါတယ်။