Movie Name
The Knife Of The Weapon Gleams With Blood (2026)
Year
2026
Generes
Action, Drama
Code
CN1120
Type
Movie
Size
1.58 GB
Country
China
Description
တာ့ကဲမျိုးနွယ်စုရဲ့ ထိပ်သီးစစ်သည်တော်ကြီး(၄)ယောက်ထဲက ယွမ်ထိုက်နဲ့ ခွန်းပုတို့က တိုင်းပြည်အပေါ်သစ္စာဖောက်ပြီး ရန်သူနဲ့ပူးပေါင်းသွားခဲ့ပါတယ်။ သူတို့ဟာ ရန်သူတပ်ကိုဦးဆောင်ပြီး တာ့ကဲတိုင်းပြည်ကိုပြန်တိုက်တဲ့အခါမှာတော့ ကျန်တဲ့စစ်သည်တော်နှစ်ယောက်ဖြစ်တဲ့ ချိုက်ပါးအာနဲ့ ကျင်ရန်တို့ကတော့ သူတို့ရဲ့ဘုရင်ကို ကာကွယ်ဖို့ ရွှမ်ကျိုးရဲတိုက်ထဲကိုဆုတ်ခွာခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီရဲတိုက်ကြီးလဲကျသွားပြီးတော့ ဘုရင်ကြီးဟာလဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ ချိုက်ပါးအာကလဲ ဒဏ်ရာအပြင်းအထန်ရပြီး သူ့ရဲ့ဓားကိုဆွဲပြီးအသက်ဘေးက ထွက်ပြေးခဲ့ရပါတယ်။ တောထဲမှာပုန်းအောင်းနေရင်း တောတွင်းဝံပုလွေတွေကြားထဲ ကြီးပြင်းနေတဲ့ကလေးတစ်ယောက်ကို ကယ်တင်ခဲ့ပြီး ကျူချဲ့လို့နာမည်ပေးမွေးစားလိုက်ပါတယ်။ကျူချဲ့နဲ့ချိုက်ပါးအာတို့ဟာ တောထဲမှာ၁၅နှစ်ကြာ ဇာတ်မြှုပ်နေပြီးတော့ ကျူချဲ့ကို ချိုက်ပါးအာက ဓားသိုင်းပညာကိုဆရာစားမချန်သင်ပေးခဲ့ပါတယ်။ ကြီးပြင်းလာတဲ့အခါမှာ တုနှိုင်းမဲ့ဓားပညာရှင်ဖြစ်လာတဲ့ ကျူချဲ့နဲ့အတူ ချိုက်ပါးအာက တာ့ကဲတိုင်းပြည်ကြီးကိုပြန်တည်ထောင်ဖို့ ကြိုးစားပါတော့တယ်