Movie Name
Gimbap And Onigiri (2026)
Year
2026
Generes
Drama
Code
SKR1168
Type
Series
Size
2.97 GB
Country
Korea
Description
1-10 Complete မလွှင့်ခင်ကတည်းက တမေးတည်းမေးနေကြတဲ့ .. ဂျပန်ကောင်ချောလေးနဲ့ ကိုရီးယားမိန်းမလှလေးတို့ရဲ့ အရိုအချို ဇာတ်လမ်းတွဲသစ်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော် cherry magic ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့မင်းသား Akaso Eiji နဲ့ Friendly rivalry , boyhood စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ IZ*ONE အဖွဲ့ဝင် မင်းသမီးချောလေး Kang Heywon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ healing drama လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. ဟာစေ တာအိဂါ က တစ်ချိန်တုန်းက တက္ကသိုလ်မှာ လက်ရွေးစင် လက်ဆင့်ကမ်းအပြေးသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အတိတ်က ပြဿနာလေးတွေကြောင့် လက်ရှိမှာတော့ “တာနိုမီ” လို့ခေါ်တဲ့ စားသောက်ဆိုင်လေးမှာ အချိန်ပိုင်းလုပ်နေသူပါ ။ ဒီလိုနဲ့ တာအိဂါဟာ ဆိုင်ပိတ်တဲ့ရက်မှ စားသောက်ဆိုင်ကို ရောက်လာတဲ့ .. animation မေဂျာ ကျောင်းသူလေး ဘတ်ရင်းနဲ့ အမှတ်မထင် တွေ့ဆုံပါတော့တယ် ။ ကိုးရီးယားဟင်းလျာ မီနူးသစ် စမ်းကြည့်ဖို့ ကြိုးစားနေတဲ့ ဟာအိဂါက ဟင်းလျာနဲ့ပတ်သက်ပြီး အကြံပေးဖို့ ဘတ်ရင်းကို တောင်းဆိုလိုက်ရာကနေ သူတို့နှစ်ယောက်ကြားမှာ အဓိပ္ပါယ်မဖော်ပြတတ်တဲ့ နူးနူးညံ့ညံ့သံယောဇဉ်လေး ပေါက်ဖွားလာပါတော့တယ် ။ အိပ်မက်တွေနောက်ကို လိုက်ဖို့ တိုင်းတစ်ပါးအထိ ရောက်လာတဲ့ ဘတ်ရင်း နဲ့ အိပ်မက်ရယ်လို့ မရှိဘူး ဆိုတဲ့ တာအိဂါတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်အားပေးရင်း .. ဘယ်လိုအချစ်ဇာတ်လမ်းလေးဖြစ်လာမလဲဆိုတာကို ဂျပန်နိုင်ငံရဲ့ ရှုခင်းလှလှလေးတွေကို နောက်ခံထားပြီး ကြည့်ရမှာဖြစ်တာမို့ တနင်္လာနေ့တိုင်း မလွတ်တမ်းစောင့်ကြည့်လိုက်ကြပါဦးနော် ။