-
Movie Name
-
About Love(နီစွေးစွေးနှင်းဆီ ဖန်ခါးခါးအချစ်)(2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SC1116
-
Type
-
Series
-
Size
-
7.78 GB
-
Country
-
China
-
Description
-
1-26 Complete
ဝူရှကားတွေပဲအရိုက်များတဲ့ လျိုသာ့ကော (Liu Yu Ning) တစ်ယောက် ဒီတစ်ခါမှာတော့ Modern Romance ဇာတ်ကားတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးက သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး မမနဲ့မောင်လေးဇာတ်အိမ်မျိုးပါ။
ဒီစီးရီးမှာ လျိုကောအပြင် Wang Zi Wen နဲ့ Jiang Xin တို့လို့ ဝါရင့်ရှောင်ကျဲကျဲတွေကပါ ပါဝင်သရုပ်ဆောင်ထားတာမို့ Heavy Romance ကားရှာနေရင်တော့ ဒီကားက Must Watch ပါပဲ။
ဇာတ်လမ်းအညွှန်း >>>
အချစ်နဲ့ပတ်သက်လာရင် အမြဲတမ်းသတိကြီးကြီးထားပြီး အလေးအနက်ထားတတ်တဲ့ လီရှောင်ရှီးဟာ စိတ်ထဲမှာ မလုံခြုံမှုတွေနဲ့ အချစ်ကို မယုံစားရဲသူလေးပါ။ ဒါပေမဲ့ ရှောင်ရှီးဟာ မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာ ရှောင်ပေ့နဲ့ဆုံတွေ့ခဲ့ပြီး အဲဒီတိုက်ဆိုင်မှုကနေတစ်ဆင့် သူတို့နှစ်ဦးကြားမှာ ရိုမန်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ရှောင်ပေ့ရဲ့သစ္စာရှိမှုနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို မယိုင်မလဲဘဲ အမြဲတမ်းကာကွယ်ပေးမှုတွေက လီရှောင်ရှီးရဲ့စိတ်ထဲမှာရှိနေတဲ့ မလုံခြုံမှုတွေကို တဖြည်းဖြည်းကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားတွေဖြစ်စေခဲ့ပါတော့တယ်။
လီရှောင်ရှီးအဖြစ် သရုပ်ဆောင်ထားတဲ့ Wang Zi Wen နဲ့ လျိုကောက အသက်သိပ်မကွာတာမို့ ကလိကလိဖြစ်ရတဲ့ မနဲ့မောင် ဇာတ်အိမ်ထက်စာရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့အချစ်ရေးဇာတ်လမ်းအဖြစ် မြင်တွေ့ရမှာပါ။ နောက်ပြီး လျိုကောက ချစ်တတ်လွန်းသူကြီးဘွဲ့ထူးပါရထားတာမို့ သူ့ရဲ့ချစ်တတ်မှုအပေါင်းတစ်သိန်းကို အားကျစောင်ကိုက်ရင်းကြည့်ရမှာ ကျိန်းသေပါပဲနော်။