Movie Name
Peaky Blinders The Immortal Man (2026)
Year
2026
Generes
Crime, Drama, War
Code
EN4715
Type
Movie
Size
840 MB
Country
Hollywood
Description
ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၄၀ ခုနှစ်လောက်ကနေ စထားတယ်။ အရင်က ဘာမထီ လူမိုက်ဂိုဏ်းခေါင်းဆောင်ကြီး Tommy တစ်ယောက် အခုတော့ အရာအားလုံးကို ကျောခိုင်းပြီး အထီးကျန်ဆန်ဆန် သွားနေနေတယ်။ ပြီးတော့ သူ့အစ်ကို Arthur နဲ့ သမီးလေး Ruby တို့ သေဆုံးသွားတဲ့ ဒဏ်တွေကြောင့် အတိတ်က အရိပ်မည်းတွေရဲ့ ခြောက်လှန့်တာကို ခံနေရတာပေါ့။ အဲဒီလို ငြိမ်နေပေမဲ့ သူ့ရဲ့ တရားမဝင်သား Duke က Peaky Blinders ဂိုဏ်းကို ဆက်ခံပြီး နာဇီတွေနဲ့ပေါင်းကာ ဗြိတိန်စီးပွားရေးကို ကမောက်ကမဖြစ်အောင် လုပ်မယ့် အစီအစဉ်မှာ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့ Tommy လည်း ဆက်ပြီး ပုန်းမနေနိုင်တော့ဘူး။ နိုင်ငံရော၊ မိသားစုကိုရော ကယ်တင်ဖို့အတွက် သူ့ရဲ့ မူလနေရာကို ပြန်လာပြီး သားဖြစ်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့တာပါပဲ။ ဒီကားက အရင်စီးရီးတွေတုန်းကလို နိုင်ငံရေးတွေ သိပ်မရှုပ်တော့ဘဲ Tommy ရဲ့ စိတ်ခံစားချက်နဲ့ သူ့ရဲ့ အတွင်းစိတ် ရုန်းကန်မှုတွေကို ပိုပြီး ပေါ်လွင်အောင် ရိုက်ပြထားတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ Tommy နေရာက Cillian Murphy က ပြောစရာမလိုအောင် မိုက်တုန်းပဲ။ အသစ်ပါလာတဲ့ သူ့သား Duke နေရာက Barry Keoghan ကလည်း ခေါင်းမာပြီး အရမ်းကြမ်းတဲ့ လူသတ်သမားလေးပုံစံကို တော်တော်ပီပြင်အောင် သရုပ်ဆောင်သွားတယ်။ ဖခင်နဲ့ သားကြားက အားပြိုင်မှုတွေက အဲဒီကားရဲ့ အသက်လို့တောင် ပြောလို့ရတယ်။ ရုပ်ရှင်စတိုင်လ်နဲ့ သေသေချာချာ ရိုက်ထားတော့ မြင်ကွင်းတွေရော၊ နောက်ခံတေးဂီတတွေရော တော်တော်လေးမိုက်တယ်။ Action အခန်းတွေလည်း အများကြီးပါသလို၊ စီးရီးကနေ အစချီလာတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပီပီပြင်ပြင် အဆုံးသတ်ပေးလိုက်နိုင်တဲ့ ကားကောင်းတစ်ကားမို့ အရင်ကတည်းက ကြည့်လာတဲ့ ပရိသတ်တွေဆိုရင်တော့ လုံးဝ လက်မလွတ်သင့်ဘူးနော်။