-
Movie Name
-
The Aryan Papers (aka) Ayran Papers (2026)
-
Year
-
2026
-
Generes
-
War
-
Code
-
EN4716
-
Type
-
Movie
-
Size
-
870 MB
-
Country
-
Hollywood
-
Description
-
ဒုတိယကမ္ဘာစစ်နောက်ခံ Historical Drama / Thriller ကားကောင်းတစ်ကားပါ။ နာဇီအဖွဲ့အစည်းထဲက လူတစ်ယောက်ကနေ ဂျူးကလေးတွေကို ပြန်ကယ်တင်တဲ့ ဇာတ်ကွက်မျိုးဖြစ်လို့ တခြားစစ်ကားတွေနဲ့မတူဘဲ ထူးခြားပါတယ်။
ဇာတ်လမ်းက ၁၉၄၂ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့မှာ အခြေတည်ထားပါတယ်။ နာဇီတွေဟာ ဂျူးလူမျိုးစုတွေကို မြို့ရွာတွေကနေ အတင်းအဓမ္မ ဖယ်ရှားသတ်ဖြတ်နေတဲ့ အချိန်ပေါ့။
ဂျာမနီမှာမွေးဖွားတဲ့ ဂျူးကလေးငယ် နှစ်ယောက်ဟာ သူတို့ရဲ့ မိသားစုဝင်တွေ အသတ်ခံလိုက်ရပြီးနောက်မှာ နာဇီတွေလက်ကနေ လွတ်မြောက်အောင် ထွက်ပြေးခဲ့ကြပါတယ်။
သူတို့ကို ကူညီပေးမယ့်သူကတော့ Gisella (Leona Clarke) ဆိုတဲ့ အမျိုးသမီးပါ။ ထူးခြားတာက Gisella ဟာ နာဇီတွေရဲ့ "မျိုးရိုးသန့်စင်ရေး" အစီအစဉ်ဖြစ်တဲ့ Lebensborn (SS Master Race Program) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါ။
သူမဟာ ဒီကလေးတွေကို နာဇီတွေ မရိပ်မိအောင် "Aryan" (ဂျာမန်မျိုးရိုးစစ်စစ်) ကလေးတွေအဖြစ် ဟန်ဆောင်ပြီး လုံခြုံတဲ့နေရာရောက်အောင် ဘယ်လိုခေါ်ထုတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပြီး စစ်ပွဲရဲ့ ရက်စက်မှုတွေကြားမှာ ကလေးငယ်တွေရဲ့ ကြောက်ရွံ့မှုနဲ့ ရှင်သန်လိုစိတ်ကို ထိထိမိမိ ရိုက်ပြထားပါတယ်။