-
Movie Name
-
The Shrinking Man (2025)
-
Year
-
2025
-
Generes
-
Drama, Fantasy
-
Code
-
EN4717
-
Type
-
Movie
-
Size
-
736 MB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းက ပေါလ် ဆိုတဲ့ သာမန်အမျိုးသားတစ်ယောက် အကြောင်းပါ။ သူက သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဦးစီးနေပြီး မိန်းမဖြစ်သူ အဲလစ်စ်၊ သမီးလေး မီယာ တို့နဲ့ အေးအေးချမ်းချမ်း နေထိုင်နေတဲ့သူပေါ့။ ဒါပေမဲ့ တစ်နေ့ ပင်လယ်ထဲ အလည်ထွက်ရင်း ထူးဆန်းတဲ့ မိုးလေဝသ ဖြစ်စဉ်တစ်ခုနဲ့ အမှတ်မထင် ကြုံလိုက်ရတယ်။
အဲဒီနောက်ပိုင်းကစပြီး သူ့ခန္ဓာကိုယ်က နေ့တိုင်း တဖြည်းဖြည်း သေးငယ်လာပါတော့တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို သိပ္ပံပညာကလည်း မရှင်းပြနိုင်သလို ဆရာဝန်တွေကလည်း မကူညီနိုင်ကြဘူး။ အချိန်ကြာလာတာနဲ့အမျှ သူ့အရွယ်အစားက လက်တစ်ဝါးစာလောက်ပဲ ရှိတော့တဲ့ အချိန်မှာတော့ မတော်တဆ သူ့အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ပိတ်မိသွားပါတော့တယ်။
အရင်က သာမန် မြေအောက်ခန်းလေးဟာ အရမ်းသေးငယ်သွားတဲ့ ပေါလ်အတွက်တော့ ဧရာမ အန္တရာယ်တောကြီး ဖြစ်လာပါတယ်။ အိမ်မွေးကြောင်တွေ၊ ပင့်ကူတွေကအစ သူ့အတွက် ကြောက်စရာ သတ္တဝါကြီးတွေ ဖြစ်လာတဲ့အခါ အသက်ရှင်ဖို့အတွက် ဘယ်လို ရုန်းကန်ရမလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။
ကိုယ့်ရဲ့ ခန္ဓာကိုယ် အရွယ်အစား သေးငယ်သွားတဲ့အခါ နေ့စဉ်မြင်နေကျ ပတ်ဝန်းကျင်ကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းသွားလဲ ဆိုတဲ့ ရှုထောင့်ကနေ ရိုက်ကူးထားလို့ အမြင်ဆန်းပြီး ကြည့်လို့ကောင်းပါတယ်။
အော်စကာဆုရှင် မင်းသားကြီး Jean Dujardin ရဲ့ အပီပြင်ဆုံး သရုပ်ဆောင်ကွက်တွေကိုလည်း မြင်တွေ့ရမှာပါ။ လူတစ်ယောက်ရဲ့ အကြောက်တရား၊ အထီးကျန်မှုနဲ့ ရှင်သန်ချင်စိတ်တွေကို သဘာဝကျကျ ပုံဖော်သွားတာမို့ ဒဿနရုပ်ရှင်တစ်ခုအနေနဲ့လည်း ကြည့်လို့ရမှာဖြစ်ပါတယ်။