-
Movie Name
-
The Fires (2025)
-
Year
-
2025
-
Generes
-
Thriller
-
Code
-
EN4720
-
Type
-
Movie
-
Size
-
678 MB
-
Country
-
Hollywood
-
Description
-
"The Fires" (2025) ဟာ အိုက်စ်လန်ရဲ့နာမည်ကျော် စာရေးဆရာ Sigríður Hagalín Björnsdóttir ရဲ့ The Fires: A Novel ကိုအခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အိုက်စလန်နိုင်ငံရဲ့ Reykjanes ကျွန်းဆွယ်မှာ နှစ်ပေါင်း ၈၀၀ ကြာ ငြိမ်သက်နေခဲ့တဲ့ မီးတောင်တွေ ရုတ်တရက် ပြန်လည်နိုးထလာတဲ့ အခြေအနေကို အခြေခံထားပါတယ်။ မီးတောင်ပညာရှင် အန်နာဟာ ဒီဘေးအန္တရာယ်တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့နဲ့ပြည်သူတွေကိုကယ်တင်ဖို့ကြိုးစားရပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့သိပ္ပံနည်းကျဆုံးဖြတ်ချက်တွေဟာ ခရီးသွားလုပ်ငန်းနဲ့စီးပွားရေးကိုဦးစားပေးတဲ့ အစိုးရနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာပါတယ်။ ဒါ့အပြင် သူ့နေရာကို လိုချင်မက်မောကြတဲ့သူတွေ၊သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အလုပ်တာဝန်တွေထဲ ဆွဲထည့် တိုက်ခိုက်ဖို့ကြိုးစားရတဲ့သူတွေနဲ့လည်း ရင်ဆိုင်ရဦးမှာပါ။
အိုက်စ်လန်ရဲ့လှပပေမဲ့ ကြောက်စရာကောင်းလှတဲ့မီးတောင်မြေပြင်ရှုခင်းတွေကို လက်ရာမြောက်စွာနဲ့တွေ့မြင်ရမှာဖြစ်ပြီးဟောလိဝုဒ် Disaster movies တွေလိုမျိုးပုံကြီးချဲ့တာတွေ မပါဝင်ပဲ မီးတောင်ပညာရှင်တွေရဲ့အလုပ်လုပ်ပုံနဲ့ခန့်မှန်းရခက်တဲ့ သဘာ၀တရားကို အသေအချာသုသေသနပြုရိုက်ကူးထားတာဖြစ်တဲ့အတွက် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရတဲ့ ခံစားချက်မျိုးပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။