Movie Name
Jumbo (2025)
Year
2025
Generes
Animation, Comedy, Drama, Fantasy, Family
Code
AN0753
Type
Movie
Size
869 MB
Country
Hollywood
Description
ခက်ခဲတဲ့စွန့်စားခန်းတွေဆိုတာ သူငယ်ချင်းကောင်းတွေနဲ့ဆိုရင် ပျော်စရာကြီးပါ..." ပိတ်ရက်မှာ မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ချင်သူတွေအတွက် Animation Fantasy/Adventure ကားကောင်းလေး "Jumbo" နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးက Rotten Tomatoes မှာ 10/10 ထိပေးချင်စရာကောင်းလောက်အောင် Drama, Comedy နဲ့ Adventure ကို အချိုးကျကျ ပေါင်းစပ်ထားတယ်လို့ Review တွေ ရထားသလို၊ IMDb မှာလည်း 7.9/10 အထိ ရရှိထားတဲ့ Rating အလွင့် ကားကောင်းလေးပါ။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက်ရဲ့ အလွဲလွဲအချော်ချော် စွန့်စားခန်းတွေကို ချစ်စရာကောင်းအောင် ပုံဖော်ထားတာပါ။ ဂျမ်ဘိုဆိုတဲ့ကောင်လေးဟာ ဖက်တီးလေးမို့ အရာရာနှေးကွေးနေတဲ့အတွက် ရွယ်တူတွေကြားမှာ အပယ်ခံဖြစ်နေတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဂျမ်ဘိုတစ်ယောက် သူ့ကိုယ်သူသက်သေပြဖို့ စွမ်းရည်ပြိုင်ပွဲ ဝင်ပြိုင်ဖို့လုပ်ရင်း မယ်ရီဆိုတဲ့ သရဲမလေးနဲ့ဆုံတဲ့အခါ..... သာမန်ကလေးတွေရဲ့ ကစားခုန်စားဘဝကနေ မထင်မှတ်ထားတဲ့ မှော်ဆန်ဆန် အဖြစ်အပျက်တွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါ သူတို့သူငယ်ချင်းတစ်သိုက် ဘယ်လိုတွေ ဆက်လက်ရင်ဆိုင်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဖြူစင်တဲ့ သူငယ်ချင်းသံယောဇဉ်၊ ရယ်မောစရာ အလွဲအချော်လေးတွေနဲ့အတူ မျက်စိပသာဒဖြစ်စရာ Animation အလန်းစားတွေကို 1 နာရီ 42 မိနစ်စာ အပြည့်အဝ ခံစားရမှာပါ။ Animation ကားကြိုက်သူတွေ၊ အထူးသဖြင့် Feel-good Vibe လေးနဲ့ စွန့်စားခန်းကားလေးတွေကို သဘောကျသူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်လို့ အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။