-
Movie Name
-
Climax(2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SKR1170
-
Type
-
Series
-
Size
-
1.93 GB
-
Country
-
Korea
-
Description
-
1-6 Complete
အညိုစင်မင်းသား Ju Ji Hoon နဲ့ မမ Ha Jiwon တိုရဲ့ လျှိဝှက်ချက်ပေါင်းများစွာနဲ့ အာဏာပါဝါကြား အားပြိုင်မှုတွေကို ကြည့်ရှုခံစားရမဲ့ Climax ဒရာမာကားကို GC Fan များအား မိတ်ဆက်ပေးပါရစေ။
တောင်ကိုရီးယားနိုင်ငံကို အခုထက်ပိုမို တိုးတက်အောင်မြင်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို တရားရေးဘက်ကနေ အားသွန်ခွန်စိုက် လုပ်ဆောင်ချင်နေတဲ့ အမှုစစ် ဘန်းထယ်ဆော့။
သူဟာ အမှုစစ်ဖြစ်လာဖို မနေမနား ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နာမည်ကြီး အောင်မြင်နေတဲ့ မင်းသမီးချော ချူဆန်းအာကို သူ မြင်တိုင်း သူနဲ့ တစ်ခုခုတူနေတယ်လို ခံစားရလို အပိုင်ရယူချင်နေတာပါ။
မင်းသမီးကို ရအောင်ယူပြီးတဲ့နောက်မှာတော့ မင်းသမီးရဲ့ အောင်မြင်မှုက ရပ်တန့်သွားပြီး အနုပညာအလုပ်တွေ အေးသွားခဲ့ပါတယ်။ ထယ်ဆော့က သူ့မိန်းမကို အရမ်းချစ်ပြီး ပိုင်ဆိုင်လိုစိတ်များပေမဲ့ သူ့မိန်းမမှာ သူမသိသေးတဲ့ လျှိဝှက်ချက်ရှိနေတာကို သူ ခံစားနေရတယ်။
ဒါကြောင့်ပဲ သူ့မိန်းမနားမှာ လူယုံတော်အဖြစ် လျှိဝှက်ထောက်လှမ်းဖို ဟွမ်ဂျောင်ဝမ်ဆိုတဲ့ ကောင်မလေးကို ထားလိုက်တယ်။
တောင်ကိုရီးယားနိုင်ငံကြီး တိုးတက်အောင်မြင်ဖိုက သူ့ရဲ့ မဟာရည်မှန်းချက်ဆိုတော့ ဒီနိုင်ငံမှာ ထိပ်တန်းအာဏာကို လက်ဝါးကြီးအုပ်ထားနိုင်စွမ်းရှိတဲ့ မိသားစုတစ်စုလည်း ရှိနေပါသေးတယ်။
ထိုမိသားစုကတော့ တတိယမြောက်အကြီးဆုံး WR Group ကော်ပိုရိတ်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစုရဲ့ ဥက္ကဌရဲ့ ဒုတိယမိန်းမရယ် အကြီးဆုံးသား ဂွမ်ဂျုံဝုတိုက အမွေဆက်ခံရရှိဖို အားပြိုင်နေကြသူတွေပါ။
ဒီလို elite group ထဲ ဝင်ရောက်နိုင်ဖိုက key သော့ချက် ရှိဖိုလိုနေတာပါပဲ။ အာဏာနဲ့ တရားရေးကြား အားပြိုင်မှု တင်းမာမှုတွေရယ် လင်မယားကြားက လျှိဝှက်ချက်တွေရယ်နဲ့ ဇာတ်ကားတစ်ခုလုံးကတော့ ကိုယ်စီ ပါဝါရှိထားသူတွေ အားပြိုင်ကြမှာမို အနိုင်ရမလား ပြိုလဲကျမလားဆိုတာကိုတော့ Gold Channel မှာ အပတ်စဉ် စောင့်မျှော် အားပေးကြည့်ရှုနိုင်ပါပြီရှင်။