-
Movie Name
-
Pursuit Of Jade( ေမတ္တာဝေသီ ကျောက်စိမ်းဒဏ္ဍာရီ)(2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SC1117
-
Type
-
Series
-
Size
-
13.5 GB
-
Country
-
China
-
Description
-
1-40 Complete
C drama fan တိုအတွက် ဒီတစ်ခါယူဆောင်လာပေးတာကတော့ ဘဝပေးအခြေအနေမတူတဲ့လူနှစ်ဦးရဲ့ချစ်ခရီးလမ်းအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းက သားသတ်သမားရဲ့သမီးဖြစ်သူနဲ့ ကံဆိုးမိုးမှောင်ကျပြီး လက်စားချေဖိုကြိုးစားနေတဲ့စစ်သူကြီးတိုအကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်အိမ်က သမိုင်းနောက်ခံနဲ့ စစ်ပွဲကိုနောက်ခံထားတာမို လွမ်းမောဖွယ်ရာဖြစ်မှာအမှန်ပါပဲ။ ဒီကားမထွက်ခင်ကတည်းက C drama fan တွေကြား နာမည်ကြီးနေပြီး ရွေးထားတဲ့သရုပ်ဆောင်တွေကလဲ ကာရိုက်တာနဲ့ လုံးဝကွက်တိကျလှပါတယ်။ နောက်ပြီး ဇာတ်လမ်းကိုပါ နာမည်ကျော်စာရေးဆရာ Tuan Zi Lai Xi ရဲ့ Zhu Yu (逐玉) ဝတ္ထုကို ကျောရိုးယူမှီငြမ်းရိုက်ကူးထားတာပါ။
ဒီစီးရီးမှာဆိုရင် The Best Thing မှာ ဆရာဝန်လေးဟယ်စူးယဲ့အဖြစ် ပါဝင်ခဲ့ပြီး ကြည့်ရှုသူအမျိုးသမီးထုရဲ့ Standard ကိုမြင့်မားစေခဲ့တဲ့ ကိုကို Zhang Ling He က ရှဲကျန်းအဖြစ် အဖြစ်ပါဝင်ထားပြီး Moonlit Reunion မှာ ချစ်စရာကြောင်မိစ္ဆာအလှလေးအဖြစ်ပါဝင်ခဲ့တဲ့ မမ Tian Xi Wei တိုက ဓာတုရော ရူပမိမိပါ တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ဘဝအခြေအနေချင်းမတူတဲ့ ဖန်းချန်ယွိနဲ့ရှဲကျန်းတိုဟာ အကျိုးစီးပွားအတွက် ဟန်ဆောင်လက်ထပ်ခဲ့ကြပါတယ်။ ဟန်ဆောင်အိမ်ထောင်ရေးလေးဟာ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့အချစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ ရက်စက်လှတဲ့စစ်ပွဲကြီးက သူတိုနှစ်ဦးကို တကွဲတပြားစီဖြစ်အောင် ခွဲပစ်လိုက်ပါတယ်။
ဇွဲထက်သန်လှတဲ့ဖန်းချန်ယွိဟာ သားသတ်ဓားကိုကိုင်စွဲပြီး တရားမျှတမှုနဲ့ ပျောက်ဆုံးနေတဲ့ ခင်ပွန်းဖြစ်သူကိုရှာဖွေဖို စစ်မြေပြင်ထဲအထိ ဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရှဲကျန်းဟာ သူ့ရဲ့ဂုဏ်ဒြပ်တွေကိုပြန်လည်ရယူနိုင်ခဲ့ပြီး နိုင်ငံတော်နဲ့ချစ်ရသူကို ကာကွယ်ဖိုအတွက် တိုက်ပွဲဝင်နေခဲ့ပါတယ်။ စစ်ပွဲတွေကြား ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာတော့ သူတိုနှစ်ဦးဟာ ကံကြမ္မာကိုအတူတကွအံတုရင်း ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို အတူဖော်ထုတ်ခဲ့ကြပါတယ်။
ဒီစီးရီးလေးမှာ မမ Tian Xi Wei ကို လင်ထိပ်ထားစံသဲသဲကဲကဲလေးအဖြစ်မြင်တွေ့ရမှာမို ကြည့်ရင်း အချိုတွေပါ စားရမှာပါ။ ကိုကိုကျန်းလင်ဟော့ကလည်း အရမ်းမိမိုက်လွန်းတာမို ဒီလိုဇာတ်အိမ်မျိုးမှာ ဒီလိုသရုပ်ဆောင်တွေနဲ့ရိုက်ထားတဲ့စီးရီးကိုမှ မကြည့်ရင် ဘာသွားကြည့်ကြမလဲ ပြိတ်သတ်ရေ...!