Movie Name
Andromeda 3 (2025)
Year
2025
Generes
Action, Sci-Fi
Code
EN4721
Type
Movie
Size
353 MB
Country
Hollywood
Description
ကမ္ဘာကြီးက ပျက်စီးသွားပြီးတဲ့နောက်မှာ လူသားတွေဟာ ကမ္ဘာကြီးကို စွန့်ခွာပြီး စကြဝဠာအတွင်းက အသက်ရှင်နေထိုင်လို့ရမယ့် ဂြိုဟ်တွေဆီ တကွဲတပြားစီ ထွက်ခွာလာခဲ့ကြရပါတယ်။ ဒီဇာတ်ကားကတော့ အပိုင်းလိုက်ထွက်ရှိလာခဲ့တဲ့ Andromeda ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပြီး Andromeda 2 တုန်းက အချိန်ခရီးသွားပြီး ကံကြမ္မာကိုပြုပြင်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေတွေကြားမှာ ဇာတ်အိမ်တည်ထားပါတယ်။ Andromeda 3 မှာတော့ နီယို ဆိုတဲ့ ဂြိုဟ်ပေါ်ကို ရောက်ရှိနေတဲ့ ကွပ်ကဲရေးမှူး ဂျိုးဆက်ရှပ်တို့ အဖွဲ့နဲ့ နီယို ဂြိုဟ်ပေါ်က ထူးဆန်းတဲ့ နီကိုရောဂါပိုး တို့အကြောင်းကို တွေ့ရမှာပါ။ နီကိုရောဂါပိုးက သက်ရှိတွေရဲ့ ဇီဝဖြစ်စဥ်ကို မြန်ဆန်စေပြီး ဂြိုဟ်တွေကို ဖျက်ဆီးလို့ရနိုင်လောက်တဲ့ ဇီဝလက်နက်တွေမှာ အသုံးပြုလို့ရနိုင်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ဒါပေမဲ့ သိပ္ပံနည်းအရ ဇီဝဖြစ်စဥ်ကို မြန်ဆန်စေနိုင်ရင် ရောဂါပိုးရဲ့ မျိုးဗီဇကို ပြုပြင်ပြီး ဇီဝဖြစ်စဥ်ကို နောက်ပြန်လည်စေနိုင်တဲ့ အစွမ်းရှိလိမ့်မယ်လို့လည်း ကွပ်ကဲရေးမှူးရှပ် တို့အဖွဲ့က ယုံကြည်ထားပါတယ်။ ဒါကြောင့် ဆေးလ်ဗားနပ်စ်တောအုပ်ကြီးထဲမှာ ပျောက်ဆုံးနေတဲ့ ဒီရောဂါပိုးကို ရှာဖွေတဲ့အခါမှာတော့ ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။