Movie Name
Assi (2026)
Year
2026
Generes
Crime, Drama, Thriller
Code
IND1824
Type
Movie
Size
829 MB
Country
Bollywood
Description
ဇာတ်ကားနာမည် ၈၀ဆိုတာ အိန္ဒိယနိုင်ငံမှာ တစ်ရက်ကို အဓမ္မကျင့်ခံရမှုပေါင်း ၈၀နီးပါး တိုင်ကြားခံနေရတယ်ဆိုတဲ့ တုန်လှုပ်ဖွယ်ရာ ကိန်းဂဏန်းကို ရည်ညွှန်းထားတာပါ။မင်းသမီးချော တာ့ပ်ဆီးပန်နူးက ရာဗီဆိုတဲ့ ရဲရဲတောက် ရှေ့နေတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။ကျောင်းဆရာမတဦးလည်းဖြစ် အိမ်ထောင်ရှင်မလည်းဖြစ် ကလေးအမေလည်းဖြစ်တဲ့ ပါရီမာတစ်ယောက်ညဦးပိုင်း အိမ်အပြန် လူတစ်စုက ကားပေါ် အတင်းအဓမ္မဆွဲတင်ခေါ်သွားခံလိုက်ရပါတယ်။နှိပ်စက်အဓမ္မကျင့်ထားပြီးမှ ရက်ရက်စက်စက် စွန့်ပစ်ထားခံခဲ့လိုက်ရပါတယ်။သက်သေတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး အဓိကတရားခံတွေကို တရားရုံးတင်ပေမယ့်လည်းမဟုတ်မမှန်သက်သေတွေနဲ့ အမှုက ရှေ့မဆက်နိုင်ဖြစ်နေရတာပေါ့။အဲဒီမှာပဲ ရှေ့နေရာဗီက စနစ်ဆိုးကြီးကို အံတုပြီး ပါရီမာဘက်က ရပ်တည်ပေးရင်းအိန္ဒိယရဲတပ်ဖွဲ့ရဲ့ ပေါ့ဆမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ သက်သေဖျက်ဆီးမှုတွေကနေတဆင့် အထက်အရာရှိတွေ၊လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ တရားမဲ့မှုတွေကြောင့် တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လောက်တောင် အားကိုးလို့ မရဘူးလဲဆိုတာကို ပြသထားတာမို့ ခံစားကြည့်ရှုကြပါဦး။