Movie Name
Ballistic (2026)
Year
2026
Generes
Action, Thriller
Code
EN4724
Type
Movie
Size
556 MB
Country
Hollywood
Description
Game of Thrones ဆာဆီလန်နစ်စတာ မင်းသမီးကြီး Lena Headey ရဲ့ Revenge Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိုဟိုင်းယိုးပြည်နယ်က မြို့ငယ်လေးတစ်ခုမှာ နေထိုင်တဲ့ Nance Redfield (Lena Headey) ဆိုတဲ့ အမျိုးသမီးအကြောင်းပါ။ သူမဟာ ကျည်ဆန်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း သူမရဲ့သားဖြစ်သူ Jesse ကို Single mom အဖြစ် ပြုစုပျိုးထောင်ခဲ့သူပါ။ သူမရဲ့သားဖြစ်သူဟာ အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းရင်း ကျဆုံးသွားခဲ့ရတဲ့အခါမှာတော့ Nance ရဲ့ ဘဝဟာ ပြိုလဲသွားပါတော့တယ်။ အဲ့ဒီအချိန်မှာ သူက အချက်အလက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့သားကို သေစေခဲ့တဲ့ ကျည်ဆန်ဟာ သူမကိုယ်တိုင် စစ်ဆေးထုတ်လုပ်ခဲ့တဲ့ စက်ရုံက ကျည်ဆန်ဖြစ်နေတာပါပဲ။ ဒီအချက်က သူမကို ရူးသွပ်စေခဲ့ပြီး သူမရဲ့သား သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ကလဲ့စားချေဖို့အတွက် သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ နာကျင်မှု၊ ဒေါသတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။