Movie Name
Citywide Order (2025)
Year
2025
Generes
Drama
Code
EN4727
Type
Movie
Size
673 MB
Country
Hollywood
Description
ရသစုံကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘာလို့ ရသစုံတယ်လို့ ပြောရရင် မိသားစုသောကများနေတဲ့ကြားထဲက ပင်ကိုယ် စိတ်ကောင်းစေတနာကို ထိန်းသိမ်းနိုင်၊ ကိုယ်ချင်းစာစိတ်နဲ့ လူသားချင်း စာနာတတ်ဖို့ ကြိုးစားသွားတဲ့ ဒယ်လီသမားတစ်ယောက် ဘဝကို ပုံဖော်ပြထားလို့ပါ… အစားသောက်ပို့ဆောင်ရေးတစ်ခုမှာ တစ်ရက်ကို အော်ဒါ ၈၀ ပြည့်အောင် ပို့ရင် ဆုကြေးများများ ရမယ် ကြေညာလို့ ဒယ်လီသမား ဖြစ်လာပြီး အသည်းအသန် အလုပ်ကြိုးစားပေမယ့် ၉-၅ အလုပ်လုပ်နေတဲ့ သူ့မိန်းမဆီက ချီးကျူး လေးစားမခံခဲ့ရဘူး… တစ်ဖက်က ချူချာတဲ့ သမီးလေးအတွက်လည်း အချိန်မပေးနိုင်ဘူးပေါ့ ဒါကြောင့်လည်း မိန်းမနဲ့ စကားများတတ်ပြီး မိန်းမနဲ့ အကြီးအကျယ်ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းသွားတဲ့ အချိန်မှာပဲ သူ့မိန်းမက ကားတိုက်ခံလိုက်ရပြီး သတိပြန်မရနိုင်ဖြစ်နေတာပေါ့ တစ်ဖက်မှာလည်း လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အရေးကြီးတဲ့ အချက်အလက်များပါတဲ့ USB နဲ့ ချစ်ပ်ပြားကို တစ်ပတ်အတွင်း ရှာဖွေဖို့ ကြိုးစားရင်းသူ့သမီးကို ပြန်ပေးဆွဲဖို့အထိ ကြံနေကြပြန်တယ်… မိန်းမက ဆေးရုံတက် သမီးကအန္တရာယ်ကျရောက်နဲ့ သူက ရုန်းကန်နေရချိန်မှာ မိန်းမဖက်က မိသားစုဝင်တွေကလည်း သူ့ကို အထင်သေးပြီး ဝိုင်းပြစ်တင်ရှုံ့ချကြပြန်တယ်… ကဲ… သူ့မိန်းမ အသက်အန္တရာယ်က လွတ်ပါ့မလား… သူ့သမီးလေးရော ဘေးကင်းပါ့မလား… နောက်ပြီး သူ့ ဒယ်လီအလုပ်နဲ့ ဒီပြဿနာကို ရှင်းနိုင်ပါ့မလား… ဒီUSB နဲ့ ချစ်ပ်ပြားကရော သူတို့နဲ့ ဘယ်လို ပတ်သက်မှုရှိသွားတာလဲ ဘယ်လို အချိုးအကွေ့တွေနဲ့ ရသစုံပုံဖော်ထားတယ်ဆိုတာ သိရဖို့ ဇာတ်ကားလေးကို ကြည့်လိုက်တော့နော်.. low budget ကားဆိုပေမယ့် တင်ဆက်မှုကောင်းတာကြောင့် ကြည့်ဖြစ်အောင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်