-
Movie Name
-
Born Racer (2018)
-
Year
-
2018
-
Generes
-
Action, Documentary, Drama
-
Code
-
00995
-
Type
-
Movie
-
Size
-
635 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားလေးကတော့ ပြိုင်ကားဒရိုင်ဘာ စကော့ဒစ်ဆန်ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် စကော့ဒစ်ဆန်ဟာ ငယ်စဉ်ကတည်းက ဂိုးကာ့ထ်ကားလေးတွေကိုမောင်းရာကနေ ပြိုင်ကားမောင်းတဲ့ဘဝကို ခုံမင်လာတာဖြစ်ပါတယ် ၂၀၀၈ ခုနှစ်မှာ သူ့ကိုပထမဆုံးလူသိများလာတဲ့ ဖော်မြူလာဘီ ကားပြိုင်ပွဲမှာ ဖလားရသွားတဲ့အဖြစ်အပျက်ကြောင့် ကမ္ဘာ့အကောင်းဆုံး ကားပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာပိုလစ် မိုင်၅၀၀ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ရပါတယ် အဲ့ဒီ့လိုပြိုင်ရာကနေသူ့အသင်းသားတွေရဲ့ကြိုးစားမှု ဇနီးဖြစ်သူရဲ့ ပံ့ပိုးမှုကြောင့်အစပိုင်းပြိုင်ပွဲတစ်ပွဲမှာအနိုင်ရရှိခဲ့ပေမယ့် ဒုတိယပွဲမှာတော့ပြဿနာစတက်ခဲ့ပါတယ် သူ့ပြိုင်ဘက်ရဲ့ ကားတစ်စီးကိုဝင်တိုက်မိရာကနေ စကော့တစ်ယောက်ဒဏ်ရာရသွားပါတယ် နောက်ထပ်ပြိုင်ပွဲတွေမှာခြေကျင်းဝတ်ဒဏ်ရာကြီးနဲ့ဆက်ပြိုင်ခဲ့ရတဲ့အခါ တခြားပြိုင်ဘက်တွေကို ကျော်တက်ဖို့သူ့အတွက်ခက်ခဲလွန်းခဲ့ပါတယ် ဒါ့အပြင် ပြင်ဆင်ရေးက မက္ကင်းနစ်တွေဟာလည်း အမှားအယွင်းတွေကိုလုပ်မိတဲ့အတွက် သူဟာတတိယပွဲအထိရလဒ်မကောင်းခဲ့ပါဘူး တစ်နာရီမိုင်၂၃၀နှုန်းနဲ့မောင်းနေတဲ့ အင်ဒီကားတွေဟာ ပြိုင်ပွဲတစ်ခုမှာတော့ အကြီးအကျယ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ် ကားတွေ တစ်စီးနဲ့တစ်စီးဆင့်တိုက်ပြီး ပေါက်ကွဲမှုတွေကြောင့် စကော့ရဲ့ သူငယ်ချင်း ဒန် ဟာကွယ်လွန်သွားခဲ့ပါတယ် ဒီလိုပြိုင်ကားသမားဘဝရဲ့အခက်အခဲတွေအန္တရာယ်တွေ နာကျင်မှုတွေကို မေ့ပစ်ထားရင်းကျန်ရှိတဲ့၂ပွဲမှာအကောင်းဆုံးကြိုးစားတဲ့အခါ စကော့တစ်ယောက် စတုတ္ထပြိုင်ပွဲမှာအခြေအနေပြန်ကောင်းလာခဲ့ပါတယ် ဒီလိုနဲ့ချန်ပီယံလမ်းကြောင်းထဲကိုပြန်ဝင်လာတဲ့စကော့တစ်ယောက် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကြီးမှာ သူ့ရှေ့က၃မှတ်အကွာနဲ့ဂျိုးဆက်ဖ်ကိုအနိုင်ယူဖို့ ကြိုးစားရာမှာတော့ သူအရှေ့ကပွဲတွေကလုပ်ခဲ့တဲ့အမှားအယွင်းတွေရင် ဂျိုးဆက်ဖ်ကလည်း အရမ်းထူးချွန်တဲ့ ကားမောင်းသမားဖြစ်တာရယ်ကြောင့် သူဟာဒုတိယဆုပဲချိတ်ခဲ့ပါတယ် ဒါပေမယ့်လည်း စကော့ဒစ်ဆန်ရဲ့အဖွဲ့ဟာ လက်လျှော့တတ်တဲ့အဖွဲ့မဟုတ်တာကြောင့် အဲ့ဒီ့နေ့ညမှာ ဘီယာသွားသောက်ကြဖို့ဆုံးဖြတ်လိုက်ပြီး နောက်တစ်နှစ်ပြိုင်ပွဲမှာ ဖလားရယူဖို့အစီအစဉ်တွေ ရေးဆွဲပါတော့တယ်