Movie Name
God Of Frogs (2026)
Year
2026
Generes
Horror
Code
OT0586
Type
Movie
Size
1.63 GB
Country
Others
Description
God of Frogs(ဖားနတ်ဘုရား)ဇာတ်ကားဟာ နှစ်ပေါင်း ၂၅ နှစ်မှာ တစ်ကြိမ် နိုးထလာလေ့ရှိတဲ့ ရှေးဟောင်း "ဖားနတ်ဘုရား" တစ်ကောင်ရဲ့ ကျိန်စာနဲ့ သွေးပျက်စရာ ဖြစ်ရပ်ဆိုးတွေကို ခေတ်ကာလ ၄ ခုခွဲပြီး တင်ဆက်ထားတဲ့ Horrorဇာတ်ကားကောင်းပဲဖြစ်ပါတယ်.... လူသူမနီးတဲ့ တောနက်ထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ ရှေးဟောင်းဖားသတ္တဝါကြီးတစ်ကောင် ရှိပါတယ်။ ဒီသတ္တဝါဟာ ၂၅ နှစ်ပြည့်တိုင်း တစ်ကြိမ်နိုးထလာပြီး လူသားတွေကို အစာအဖြစ် အမဲလိုက်လေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ၁၉၆၉ ခုနှစ်ကနေ အနာဂတ် ၂၀၄၄ ခုနှစ်အထိ ကာလအပိုင်းအခြား ၄ ခုကို ခွဲခြားပြသထားပါတယ်။ မြစ်ကမ်းနားက ဂိုဏ်းဝင်တွေရဲ့ ပူဇော်ပွဲ၊ တောထဲမှာ ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၊ နိုင်ငံရေးသမားတစ်ဦးရဲ့ ထူးဆန်းတဲ့ သေဆုံးမှုနဲ့ အနာဂတ်က ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ပျက်သုဉ်းမှု... ဒီဖြစ်ရပ်အားလုံးဟာ ထူးဆန်းတဲ့ ဖားသတ္တဝါကြီးရဲ့ ကျိန်စာနဲ့ ဘယ်လိုဆက်စပ်နေမလဲ..... သွေးပျက်စရာ သတ္တဝါဆန်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ခေတ်အဆက်ဆက်က ထိတ်လန့်စရာဖြစ်ရပ်တွေကို တစ်ကားတည်းမှာ မြင်တွေ့ရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။