-
Movie Name
-
Braven (2018)
-
Year
-
2018
-
Generes
-
Action, Thriller
-
Code
-
00996
-
Type
-
Movie
-
Size
-
753 MB
-
Country
-
Hollywood
-
Description
-
2018, February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Braven ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမှာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မှာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသွားပါတော့တယ်။နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမှာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။Joeတစ်ယောက်ဟာ သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့ ဖခင်ကြီး၊ ချစ်လှစွာသောဇနီးသည်နဲ့ သမီးငယ်လေးတို့ကို အဲ့ဒီ ဂိုဏ်းသားတွေနဲ့သူ့တို့လက်ကလွတ်အောင်ဘယ်လို ကယ်တင်မလဲ၊ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့မလဲ၊ဘယ်လိုကြေကွဲစရာအဖြစ်အပျက်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာရှု့စားရမှာပဲဖစ်ပါတယ်။Family/Drama/Action ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်