Movie Name
The Whistler (2026)
Year
2026
Generes
Horror, Thriller
Code
OT0588
Type
Movie
Size
827 MB
Country
Others
Description
နစ်ကိုးလ်နဲ့ဆတ်ဘေးရှန်းတို့လင်မယားဟာ တစ်ဦးတည်းသော သမီးငယ်ကိုဆုံးရှုံးရပြီးနောက် သောကတွေမပြေသေးခင်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုကြောင့် သူ့ဇာတိ ဗင်နီဇွဲလားကိုပြန်လာခဲ့ကြရပါတယ်။ သူတို့ပြန်ရောက်ချိန်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပြီးခြံမွေးတိရိစ္ဆာန်တွေပျောက်ဆုံးတာ၊ နောက်ထပ်လူသေဆုံးမှုတွေပါထပ်မံပေါ်ပေါက်လာချိန်မှာတော့ သူတို့ဟာကျူးကျော်သူလို့အမည်ပေးထားတဲ့ နတ်ဘုရားမ မာရီယာလီယွန်ဇာကို ကိုးကွယ်သူတစ်စုကိုအပြစ်ပုံချခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့မှန်းဆလို့မရအောင် ကြောက်စရာကောင်းတဲ့ ရှေးဟောင်းနာမ်လောကပုဂ္ဂိုလ်တစ်ပါးဟာ ဒီပညာတွေကိုအလွဲသုံးသူတွေရဲ့မှားယွင်းမှုကြောင့် လွတ်မြောက်လာပြီး မည်းမည်းမြင်ရာသုတ်သင်တော့မယ်ဆိုတာ အသိနောက်ကျသွားတဲ့အခါ..။ The Whistler ဟာ နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်‌ဖြစ်တဲ့"El Silbón" (The Whistler) ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေသခံနတ်ဘုရားကိုးကွယ်မှု၊ လက်တင်အမေရိကားရဲ့ နာမည်ကျော် Urban Legend တစ်ခုကိုခေတ်ပေါ်ရုပ်ရှင်နည်းပညာတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ Folk Horror ကားကောင်းတစ်ကားပါ။