Movie Name
Bloodhounds S2(2026)
Year
2026
Generes
Drama
Code
SKR1171
Type
Series
Size
2.73 GB
Country
Korea
Description
1-7 Complete အကြမ်းစား လက်သီးထိုးချက်တွေနဲ့ အရမ်းကို လူကြိုက်များခဲ့တဲ့ "Bloodhounds" စီးရီးလေးကတော့ အခုတစ်ခေါက်မှာ Season 2 နဲ့အတူ ပြန်လည်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Season 1 က Main Cast တွေ ဖြစ်ကြတဲ့ မင်းသား Woo Do-Hwan နဲ့ Lee Sang-Yi တို ပြန်လည် ပါဝင်လာမှာဖြစ်ပြီး အဆိုတော်မင်းသားကြီး Rain ကလည်း ဗီလိန်အဖြစ် အားဖြည့်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အလားအလာရှိ လက်ဝှေ့သမားလေးအဖြစ်ကနေ လက်ဝှေ့ချန်ပီယံအဖြစ် တိုးတက်ရင့်ကျက်လာခဲ့တဲ့ ဂင်ဂွန်းဝူ (Woo Do-Hwan) နဲ့ အရင်လို ဘေးနားမှာ သစ္စာရှိရှိ ဝန်းရံအားပေးနေဆဲ ဂွန်းဝူရဲ့ ထာဝရညီအစ်ကို ဟုံးဝူဂျင်း (Lee Sang-Yi)... အဲဒီလို အောင်ပွဲတွေနဲ့ အေးချမ်းနေတဲ့ ညီအစ်ကိုနှစ်ဦးကို အမှောင်လက်ဝှေ့လောကရဲ့ သွေးအေးရက်စက်တဲ့ အရှင်သခင် ဘဲ့ဂျောင်း (Rain) က ပစ်မှတ်ထားလာတဲ့အခါမှာတော့... ပြီးခဲ့တဲ့ Season 1 မှာ တရားမဝင် အတိုးကြီးစား ငွေချေးဂိုဏ်းကို ရင်ဆိုင်နှိမ်နှင်းခဲ့ကြတဲ့ ဂွန်းဝူနဲ့ ဝူဂျင်းတိုက ဒီတစ်ခေါက်မှာရော ငွေနဲ့ အကြမ်းဖက်မှုတွေ ကြီးစိုးရာ မှောင်ခိုလက်ဝှေ့အဖွဲအစည်းကို ဘယ်လို ပူးပေါင်းရင်ဆိုင်သွားကြမှာလဲ... ဂွန်းဝူနဲ့ ဝူဂျင်းတိုကြားက ပိုပြီး နက်ရှိင်းလာတဲ့ ညီအစ်ကို သံယောဇဉ်၊ ပိုပြီး အဆင့်မြင့်လာတဲ့ အက်ရှင်ခန်းတွေနဲ့အတူ Rain ရဲ့ ပထမဆုံး ဗီလိန်သရုပ်ဆောင်ချက်တွေကိုပါ မြင်တွေ့ရမှာဖြစ်လို ဒီနေ့ပဲ ၇ ပိုင်းစလုံး စောင့်မျှော်အားပေးကြပါဦးနော်။