Movie Name
Live Up To Your Youth (2026)
Year
2026
Generes
Drama
Code
SC1118
Type
Series
Size
11.6 GB
Country
China
Description
1-32 Complete ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေကျင်းမှာရှိတဲ့ သေးငယ်တဲ့ တည်းခိုခန်းလေးတစ်ခုဟာ အနုပညာနဲ့ရည်မှန်းချက်တွေကို လိုက်လံရှာဖွေနေကြတဲ့လူငယ်တစ်စုရဲ့အိမ်ဂေဟာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ရွှရှန့်လီဟာ လောကအလယ်မှာ နာမည်တစ်လုံးရဖို ရုန်းကန်နေရသလို ကျွမ်းကျွမ်းကလဲ ပိုမိုကြီးကျယ်တဲ့စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို မျှော်လင့်ချက်နဲ့ စီးပွားရေးပွဲတွေမှာ ဖျော်ဖြေသီဆိုရင်း အခွင့်အရေးကို စောင့်စားနေသူပါ။ ရှန်ရန်ရန်ကတော့ သရုပ်ဆောင်ခွင့်ရရှိဖို မရေရာလှတဲ့အခြေအနေတွေကြားမှာ ဖြတ်သန်းနေရပါတယ်။ Saxophone  ပညာရှင် ထောင်လျန်လျန်ကတော့ လူကူးတံတားတွေအောက်မှာ တီးခတ်ဖျော်ဖြေရင်း ဘဝကိုရှာဖွေနေပြီး ကောကျန့်ပေါင်ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို အပိုအလုပ်‌တွေကိုကျပန်းလုပ်ကိုင်ရင်း နောက်ခံ Extra အဖြစ် အနုပညာလောကထဲ ခြေစုံပစ်ဝင်ထားသူပါ။ ထူးခြားဆန်းသစ်လှတဲ့အ‌တွေးအမြင်သမား ပန်းချီဆရာချောင်ယဲ့ကမူ သူ့အနုပညာပန်းချီကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်မဲ့နေရောက်လာဖို မျှော်လင့်တောင့်တနေသူပါ။ ငြင်းပယ်ခံရမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ခဏတာအောင်မြင်မှုတွေကြားမှာ လူငယ်လေး ၆ ယောက်ဟာ အသက်ရှင်ရပ်တည်ရေးအတွက် ခါးသီးလှတဲ့လက်တွေ့ဘဝတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အနုပညာစိတ်ဓာတ်ကတော့ လုံးဝပျောက်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကို ကူးပြောင်းလာချိန်မှာ‌တော့ အချိုက ဆက်လက်ကြိုးစားကြပြီး အချိုကမူ လက်လွှတ်လိုက်ကြပါတော့တယ်။ အခြေအနေတွေဟာ ထင်ထားသလိုဖြစ်မလာကြပေမဲ့ သူတိုအားလုံးကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလတစ်ခုမှာ သမိုင်းခြေရာကိုယ်စီကို ချန်ရစ်ထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။ ဒီစီးရီးက လူငယ်တွေရဲ့အားမာန်၊ ခေတ်ရဲ့ရိုက်ခတ်မှုတွေကြား တောက်ပနေတဲ့မီးခဲအသွင်ပျိုမြစ်မှုတိုကြောင့် စိတ်နှလုံးအိမ် တသိမ့်သိမ့်တုန်စေမဲ့ဇာတ်လမ်းမို ပြိတ်သတ်တိုစိတ်ထဲ တသသစွဲကျန်နေမှာ ကျိန်းသေပါပဲနော်!