Movie Name
Mad Concrete Dreams (2026)
Year
2026
Generes
Drama
Code
SKR1172
Type
Series
Size
4.47 GB
Country
Korea
Description
1-12 Complete ကိုရီးယားနိုင်ငံမှာ "အောင်မြင်သူ" လို သတ်မှတ်ခံရဖိုအတွက် .. အဆောက်အဦတစ်ခု ပိုင်ဆိုင်ထားဖိုက အဓိကကျတဲ့ အချက်တစ်ခုဖြစ်လာတဲ့အခါ... Ki Su-Jong(Ha Jung-Woo)ဆိုတဲ့ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဟာလည်း အဲဒီအိပ်မက်နောက်ကို အရူးအမူး လိုက်ခဲ့မိပါတယ်။ သူဟာ Kim Sun(Lim Soo-Jung) နဲ့ လက်ထပ်ပြီးတဲ့နောက် ငွေကြေးအကျပ်အတည်းတွေကြား ရုန်းကန်လာရင်းနဲ့ နောက်ဆုံးမှာတော့ ချေးငွေတွေ ယူပြီး အဆောက်အဦတစ်ခုကို ဝယ်ယူလိုက်တာကြောင့် အကြွေးတွေ လည်ပင်းလောက်ထိ နစ်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ စီးပွားရေးလောကရဲ့ လှည့်ကွက်တွေကြားမှာ Real Capital က Yo-Na (Shim Eun-Kyung) ဆိုတဲ့ လျှိဝှက်ဆန်းကြယ်တဲ့ မိန်းမက သူ့ကို ဖိအားပေးလာတဲ့အခါမှာတော့ .. အဆောက်အဦကို ကာကွယ်ဖိုအတွက် သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး အဆောက်အဦရဲ့ မြေအောက်ခန်းထဲမှာ ပြန်ပေးဆွဲမှုတစ်ခုကို ဟန်ဆောင်ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စနစ်တကျ စီစဉ်ထားတဲ့ အဲဒီအယောင်ဆောင် ပြန်ပေးဆွဲမှုက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကြောင့် တကယ့်ရာဇဝတ်မှုကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ..... တစ်ဆင့်ပြီးတစ်ဆင့် နက်ရှိင်းလာတဲ့ ရာဇဝတ်မှုကွင်းဆက်တွေထဲမှာ Ki Su-Jong က သူ့ဘဝကို ပြန်ကယ်တင်နိုင်ပါ့မလား .. လောဘတွေကို အတောမသတ်နိုင်တဲ့ သူတိုတွေဟာ ရှိသမျှ အကြံဉာဏ်ထုတ်သုံးပြီး အဆောက်အဦကို အဆုံးထိ ကာကွယ်သွားနိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖိုကောင်းစွာနဲ့ပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။