Movie Name
Before Dawn (2026)
Year
2026
Generes
Drama
Code
CN1124
Type
Movie
Size
489 MB
Country
China
Description
ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်မဟုတ်ဘဲ သမိုင်းကြောင်းကိုအခြေခံထားတဲ့ ၁၉ ရာစုခေတ်သမိုင်းနောက်ခံ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ် ၁၉ ရာစုခေတ်က ရှန့်ဟိုင်မြို့ သက်ဝင်လှုပ်ရှားနေတဲ့လမ်းမတွေရဲ့အပေါ်ယံမျက်နှာပန်းအောက်မှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ စစ်ဆင်ရေးတစ်ရပ်ရှိနေခဲ့တယ် အသံတိတ်လူသတ်မှုဖြစ်နေတဲ့ စစ်ဆင်ရေးဆိုရင်လည်း မမှားပါဘူး…အဲဒီအမှောင်ထဲကမှ ဘယ်သူ့ကိုမှမယုံကြည်နိုင်တဲ့ကမ္ဘာထဲ နာမည်မရှိတဲ့လူတစ်ယောက်က မျက်နှာမျိုးစုံနဲ့ အသက်ရှင်နေခဲ့တယ် သူ့ကို ကုဒ်နာမည်က ကူးယန့်လို့ခေါ်ပြီး ရွှီဖုန်းဆိုပြီး သိကြပါတယ် သူဟာ ရန်သူ့အဖွဲ့အစည်းထဲဝင်ရောက်ပြီး သရုပ်မှန်ကိုဖျောက်ပြီး ရှင်သန်နေခဲ့တယ် ရွှီဖုန်းဟာ တစ်ဖက်မှာ ဆရာဖြစ်သူ ရှန်ယိကျီးရဲ့ ယုံကြည်မှုကိုရယူပြီး တစ်ဖက်မှာလည်း မိတ်ဆွေဖြစ်ခဲ့တဲ့ ကောယွိရှန်းနဲ့မျက်နှာချင်းဆိုင်ရတဲ့အချိန်တိုင်းမှာ သစ္စာနဲ့ သံယောဇဉ်ကြား စိတ်ဝမ်းကွဲမှုတွေကို ခံစားခဲ့ရတယ်အဲဒီလို အခြေအနေတွေကြားမှာပဲ သူ့ရဲ့ အရေးကြီးဆုံးတာဝန်က ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို ကာကွယ်ဖို့ မလွဲမသွေ ဆောင်ရွက်ရမဲ့ မစ်ရှင်ဖြစ်နေခဲ့တဲ့အခါ…ဒါ့အပြင် လီကျင့်ဆိုတဲ့ ကျောင်းသူမလေးက သူ့ဘဝထဲကို ဝင်ရောက်လာပြီးအစမှာတော့ အပြစ်ကင်းစင်တဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပေမဲ့ စစ်ပွဲရဲ့ ရက်စက်မှုတွေကြားမှာ တဖြည်းဖြည်း ခံနိုင်ရည်ရှိပြီး မကြောက်မရွံ့တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲလာတဲ့အခါ… သူ့ရဲ့ဆရာဖြစ်သူကိုတောင် မယုံကြည်ရနိုင်တဲ့ အခြေအနေ…မိတ်ဆွေဟောင်းတစ်ယောက်က ရန်သူဖြစ်သွားနိုင်တဲ့ အခိုက်အတန့်…သစ္စာနဲ့ အသက်ကို ဘယ်ဟာရွေးမလဲဆိုတဲ့ အခက်အခဲတွေကြားမှာရွှီဖုန်းဟာ Before Dawn ”ကူးယန့်” ဆိုတဲ့ သူ့ကုဒ်အမည်လေးအတိုင်း တစ်ကိုယ်တည်း အထီးကျန်ပျံသန်းရတဲ့အခါ…ဒီရုပ်ရှင်လေးဟာ ကြည့်ပြီး မေ့သွားမဲ့ spy thriller တစ်ကားမဟုတ်ဘဲ အမှောင်ထဲမှာ နာမည်မကျန်ခဲ့ပေမဲ့ သမိုင်းကို ပြောင်းလဲပေးခဲ့တဲ့ လူတွေကို သတိရစေမဲ့ ရင်နာစရာကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်စေမှာပါ