-
Movie Name
-
Seek (2025)
-
Year
-
2025
-
Generes
-
Action, Crime
-
Code
-
CN1126
-
Type
-
Movie
-
Size
-
842 MB
-
Country
-
China
-
Description
-
မျက်မှောက်ခေတ် ဂျပန်နိုင်ငံရဲ့ သာမန်လူနေမှုဘဝတွေရဲ့ နောက်ကွယ်မှာ
ရှေးဟောင်းနင်ဂျာမျိုးနွယ်တွေဟာ ပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ
ခေတ်မီလက်နက်တွေ၊ နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး "SEEK" (သို့မဟုတ် "49") လို့ခေါ်တဲ့
လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက်ရှင်သန်နေပါတယ်။
ဇာတ်လမ်းကိုတော့ အကောင်းဆုံးအေးဂျင့်တစ်ဦးဖြစ်တဲ့ Kyohei Aizawa ကနေ စတင်ထားပါတယ်။
သူဟာ ချစ်သူဖြစ်သူ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာတွေနဲ့ အနားယူနေတဲ့သူပါ။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်သူ Ryo Mikumo ( Nahana) က
သူ့ကို အရေးပေါ်မစ်ရှင်တစ်ခုအတွက် ပြန်ခေါ်ခဲ့ပါတယ်။
အဲဒီမစ်ရှင်ကတော့ တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနိုင်တဲ့ "RDX@" လို့ခေါ်တဲ့
ပြင်းအားကောင်းပြီး ပေါက်ကွဲစေတတ်တဲ့ အရည်တွေကို ပြန်လည်ရယူဖို့နဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် Sojiro Kotsugi ရဲ့ အန္တရာယ်ရှိတဲ့ အစီအစဉ်တွေကို ဟန့်တားဖို့ပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးဟာ ကိုယ်ခံပညာသီးသန့် အက်ရှင်ကားဖြစ်ပြီးတော့
ဒဏ္ဍာရီလာ နင်ဂျာမင်းသားကြီး Sho Kosugi ရဲ့ သားဖြစ်သူ Shane Kosugi က ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်လို့ တကယ့် Real Action တွေနဲ့ စတိုင်ကျတဲ့ တိုက်ခိုက်ရေးခန်းတွေကို မြင်တွေ့ရမှာပါ။
နာမည်ကြီးမင်းသား Kane Kosugi ဗီလိန်အဖြစ် ပါဝင်ထားပြီး ညီဖြစ်သူ Shane Kosugi ရဲ့ ပွဲဦးထွက်ရုပ်ရှင်မှာ အားဖြည့်ပေးထားတာကလည်း ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုပါပဲ။
ရှေးဟောင်းဓားသိုင်းပညာနဲ့ ခေတ်သစ်သူလျှိုဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့အတွက်
John Wick လိုမျိုး Action ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။