Movie Name
The Enchanting Cranium Mystery (2026)
Year
2026
Generes
Fantasy
Code
CN1127
Type
Movie
Size
578 MB
Country
China
Description
စိတ်ဝင်စားစရာကောင်းတဲ့ Liao Zhao တရုတ်ရှေးပုံပြင်တွေကိုအခြေခံထားတဲ့ ပဟေဠိဆန်ဆန်အကွက်ကျကျခင်းကျင်းထားတဲ့ မှုခင်းဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့(၃)နှစ်တုန်းက အနောက်ဘက်ဒေသကလာတဲ့ ကချေသည်မလေး အားလီဟာ တည်းခိုဆောင်တစ်ခုမှာ ခေါင်းဖြတ်ခံရပြီး ရက်ရက်စက်စက်သတ်ခံခဲ့ရပါတယ်။ ဒီအမှုက တရားခံမပေါ်ပဲ ငါးမိစ္ဆာအမှုဆိုပြီး ပြီးဆုံးသွားခဲ့ပါတယ်။ (၃)နှစ်ကြာသွားတဲ့အခါမှာ အဲဒီတည်းခိုဆောင်မှာပဲ ထူးဆန်းတဲ့ငါးမိစ္ဆာကြီးတစ်ကောင်ပေါ်လာပြီးတော့ လွန်ခဲ့တဲ့(၃)နှစ်တုန်းက သတ်ခံလိုက်ရတဲ့ သူ့ရဲ့သမီးလေးအတွက် လက်စားချေမယ်ဆိုပြီး ကြွေးကြော်ပါတော့တယ်။ ငါးမိစ္ဆာရဲ့ခြိမ်းခြောက်မှုအောက်မှာ သံသယရှိသူ(၅)ယောက်ဟာ အလန့်တကြားနဲ့ တစ်ယောက်ကိုတစ်ယောက်အပြစ်ဖို့ရင်း အမှန်တရားတွေကီုစတင်ဖွင့်ဟလာကြပါတယ်။ အကြောက်တရားရဲ့ဖိနှိပ်မှုအောက်မှာ ကြောက်စရာကောင်းတဲ့ရက်စက်မှုတွေ လူ့စိတ်ရဲ့အမှောင်ဘက်အခြမ်းတွေ မနာလိုချောက်ချမှုတွေ တဖြည်းဖြည်းပုံပေါ်လာပြီး အမှန်တရားကို တစ်လွှာချင်းချပြသွားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။