Movie Name
The Pout-Pout Fish (2026)
Year
2026
Generes
Animation, Comedy, Family
Code
AN0755
Type
Movie
Size
733 MB
Country
Hollywood
Description
ကဲ ဒီတစ်ခါမှာတော့ ငါးရှာပုံတော်ကြီး ဖွင့်လိုက်ရအောင် အမြဲဆူပုတ်နေတဲ့ ငါးလေးတစ်ကောင်ရှိတယ်။ အပေါင်းအဖော်လည်းမရှိ နေတဲ့အိမ်လေးကို အလှဆင်တော့လည်း နွယ်ပင်တွေနဲ့ စွန့်ပစ်ပုံကြီးလိုဖြစ်နေတဲ့ငါးလေးပေါ့။ ပျင်းရိဖို့ကောင်းတဲ့ နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက် တစ်ပုံစံတည်းဘဝထဲရောက်လာတာက ဘေးအိမ်ကိုပြောင်းလာတဲ့ ရေနဂါးလေး "ပစ်" ။ ငါးဆူပုတ်လေးနဲ့ ပြောင်းပြန် ပစ်ကလေးက အရမ်းတက်ကြွပြီး တွေ့ရာလူနဲ့ပေါင်းတတ်သင်းတတ်လေးပေါ့။ ဖြစ်ချင်တော့ အိမ်စပြောင်းလာပြီး ပစ်ရဲ့မိဘတွေအပြင်သွားတုန်း ပစ်ကလေးကို အိမ်စောင့်ထားခဲ့ရာက အိမ်တစ်လုံးလုံး ပျက်စီးသွားခဲ့ပါတယ်။ သူတို့ငါးလောကမှာ ရှင်းမားလို့ခေါ်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ ငါးတစ်ကောင်ရှိတယ်လို့ ကောလာဟလများပါတယ် အစွန်အဖျားလေး အရိပ်ကလေးပဲမြင်ဖူးတဲ့ငါးကလည်း ခပ်များများရယ်။ ဒီလိုနဲ့ အိမ်ကို မိဘတွေပြန်မလာခင် ပြန်ကောင်းအောင်ပြင်ဖို့ ပစ်ကလေးနဲ့ ငါးဆူပုတ်ကြီးတို့ သမုဒ္ဒရာတစ်ခွင် ခရီးနှင်ပြီး ဘယ်လိုရှာပုံတော်ဖွင့်မယ်ဆိုတာ တူတူကြည့်လိုက်ရအောင်နော်။​