Movie Name
Panda Plan 2 - The Magical Tribe (2026)
Year
2026
Generes
Action, Comedy
Code
CN1132
Type
Movie
Size
1.37 GB
Country
China
Description
အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ ပန်ဒါကလေးဟူဟူ အတွဲ ၂ ရောက်ရှိလို့လာပါပြီ...ဒီ Panda Plan 2: The Magical Tribe ကတော့ အက်ရှင်ကို ဟာသနဲ့ fantasy အရသာတွေကို ပေါင်းစပ်ထားတဲ့ ပျော်ရွှင်စရာ စွန့်စားခန်း ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်...အတွဲ ၂ မှာလည်း ဂျက်ကီချန်နဲ့ ချစ်စရာပန်ဒါလေးဟူဟူတို့က အဓိက ဇာတ်ဆောင်တွေဖြစ်တာပေါ... ဇာတ်လမ်းလေးကတော့ ဂျက်ကီနဲ့ ဟူဟူတို့က မတော်တဆ လျို့ဝှက်တောတစ်ခုထဲရောက်သွားပြီး ရှေးဟောင်းဝက်ဝံမျိုးနွယ်စုဆိုတဲ့ လူရိုင်းတွေနဲ့တွေ့တာပေါ့.. ထူးဆန်းစွာနဲ့ အဲ့မျိုးနွယ်စုမှာ အသက် ၆ နှစ်ပြည့်တာနဲ့ အမေလို့ ခေါ်ခွင့်ကို အားနည်းတယ်လို့ ယူဆပြီး ပိတ်ပင်တားဆီးထားတာပဲ... နောက်တစ်ခုကတော့ အချင်းချင်းပွေ့ဖက်ခြင်းဆိုတာက အားနည်းတဲ့အမူအရာလို့ ယူဆပြီး တားမြစ်ထားပြန်တယ်... အဲ့ဒီ မျိုးနွယ်စုဝင်တွေက ပန်ဒါဝက်ဝံကို နတ်ဘုရားသားရဲအနေနဲ့ ကိုးကွယ်တာဖြစ်လို့ ပန်ဒါလေးဟူဟူကိုလည်း သူတို့ရဲ့ နတ်ဘုရားလို့ ယုံကြည်ကိုးကွယ်ပြီး ဟူဟူရွေးချယ်ခဲ့တဲ့ ဂျက်ကီကိုလည်း သူရဲကောင်း တမန်တော်အဖြစ် ယုံကြည်သတ်မှတ်ခဲ့တာပေါ့...တစ်ဖက်မှာလည်း ဒီမျိုးနွယ်စုဆီကျရောက်မယ့် ကပ်ဘေးကို ကျော်လွှားနိုင်ဖို့အတွက် တောင်ထိပ်ကြီးကို ပန်ဒါလေးနဲ့ တမန်တော်က သွားပြီး ဖြေရှင်းပေးရမယ့် တာဝန်လည်း ရှိနေပြန်တယ် ဂျက်ကီ တမန်တော်ဖြစ်သွားတာကို မျိုးနွယ်စုသူရဲကောင်းတွေကလည်း ဘယ်ကျေနပ်ကြမှာလဲ... ဒါကြောင့်လည်း ဂျက်ကီနဲ့ ပန်ဒါလေးဟူဟူတို့ရဲ့ အန္တရာယ်များပြီး အကွေ့အကောက်များတဲ့ စိတ်လှုပ်ရှားဖွယ် ခရီးစဉ်တစ်ခုကို စတင်ခဲ့ရတာပေါ့... ဇာတ်ကားလေးထဲမှာ မင်းသား မင်းသမီးများစွာ ပါဝင်ပြီး အက်ရှင်တိုက်ခိုက်မှုတွေကို ဟာသနှောကာ တင်ဆက်ထားတာမို့ အားလုံး ဘဝအမောတွေကို ရယ်မောရင်း ဖြေဖျောက်နိုင်မယ့် ဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် သူရဲကောင်းဆိုတာ အင်အားကြီးပြီး အထီးကျန်ဆန်တာမဟုတ်ဘဲ နာကျင်တာကို ငိုကြွေးပြတာ ပျော့ညံ့တာမဟုတ်သလို ခင်မင်ရင်းနှီးမှုကို ဖော်ထုတ်တာလည်း အားနည်းတာမဟုတ်တဲ့ သဘောတရားကို အခြေခံထားတာမလို့ မိသားစုနဲ့အတူ ကြည့်ဖို့ အထူးသင့်တော်တဲ့ကားလေးပါလို့ မိတ်ဆက်ပေးလိုက်ပါတယ်..