Movie Name
Money, My Love (သူဌေးလေးရဲ့ချစ်ဖူးစာ )(2026)
Year
2026
Generes
Drama
Code
ST1147
Type
Series
Size
8.79 GB
Country
Thai
Description
1-20 Complete ၂၀၂၆ မှာ ထွက်ရှိလာတဲ့ အသစ်စက်စက် ရိုရိုချိုချို ထိုင်း Romance Drama လေးကိုခုပဲ တင်ဆက်ပေးလိုက်ပါပြီ ။ ထိုင်းချစ်ပရိတ်သတ်တိုရဲ့ အသည်းကျော် မင်းသားချောလေး Kongthap Peak နဲ့ မင်းသမီး KayKai Nutticha တိုရဲ့ Chemistry မိမိ အတွဲလေးကို ဒီကားမှာ မြင်တွေ့ရမှာပါ။ တရိုင်ဆိုတဲ့ ဘီလျံနာ သူဌေးသားလေးဟာ နိုင်ငံခြားကနေ ပြန်ရောက်ရောက်ချင်းမှာပဲ သူ့ဘဝရဲ့ အကြီးမားဆုံး Shock နဲ့ ကြုံလိုက်ရတယ်။ အဲဒါကတော့ သူအရမ်းချစ်ရတဲ့ ချစ်သူကောင်မလေးက သူ့အဖေအရင်းနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဆိုးကြီးပါပဲ။ ချစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အသည်းကွဲ၊ စိတ်ဓာတ်ကျပြီး အိမ်ကထွက်လာတဲ့ တရိုင် တစ်ယောက် မထင်မှတ်ထားတဲ့ အန္တရာယ်တွေနဲ့ ကြုံရတဲ့အချိန်မှာ... ပတ်ဘွန်ဆိုတဲ့ ကောင်မလေးက သူ့ကို ကယ်တင်လိုက်ပါတယ်။ ဒါပေမဲ့ ပတ်ဘွန်လေးက ဘဝကို ရုန်းကန်နေရတဲ့သူဆိုတော့ အလကားတော့ မကယ်နိုင်ဘူး၊ ကယ်ခတော့ ပေးရမယ်တဲ့။ အစပိုင်းမှာတော့ မတည့်ကြ၊ စွာကြ၊ ရန်ဖြစ်ကြနဲ့ Tom & Jerry လို ဖြစ်နေကြပေမဲ့... အတူတူနေရင်း သံယောဇဉ်တွေတွယ်၊ အမုန်းတွေကနေ အချစ်တွေဖြစ်လာမယ့် "Enemies to Lovers" ပုံစံလေးကနေ သူတိုနှစ်ယောက်ကြားက အချစ်တွေ စတင်ပျိုးထောင်လာချိန်မှာပဲ တရိုင်ရဲ့ အဖေ အသတ်ခံလိုက်ရပြီး အမွေလုပွဲတွေ၊ လူသတ်တရားခံရှာပုံတော်တွေနဲ့ ဇာတ်လမ်းက ပိုရှုပ်ထွေးလာပါတယ်။ ဒီလို ငွေကြေးနဲ့ အာဏာပြိုင်ဆိုင်မှုတွေကြားထဲမှာ သူတိုရဲ့ အချစ်စစ်က ခိုင်မြဲနိုင်ပါ့မလား။ သူတိုနှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက ဘယ်လောက်တောင် "ရို" ပြီး ဘယ်လောက်တောင် "ချို" မလဲဆိုတာကိုတော့… Romance ကား ကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေ၊ မင်းသားမင်းသမီး Chemistry မိတာလေး ကြိုက်တဲ့သူတွေကတော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရိုမန့်စ်ဒရာမာလေးပါပဲ။