Movie Name
Pinanong (အမုန်းအငြိုးကြားက ဆံတိုးလေး)(2026)
Year
2026
Generes
Drama
Code
ST1149
Type
Series
Size
11.5 GB
Country
Thai
Description
1-25 Complete "အချစ်ဦးကို စောင့်နေတဲ့ အချိန်မှာ... မထင်မှတ်ထားတဲ့ နှလုံးသားစမ်းသပ်ချက်တစ်ခု ရောက်လာတဲ့အခါ..." ထိုင်း Romantic Drama ကောင်းကောင်းလေးတွေမှ ကြိုက်တဲ့ ပရိသတ်တွေအတွက် မတ်လ ၆ ရက်နေ့မှာ နက်ဖုလစ်ကနေ အသစ်စက်စက် ထွက်ရှိလာမဲ့ slap kiss ဇာတ်လမ်းတွဲသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ၂၀၁၂ ခုနှစ်တုန်းက မင်းသားကြီး Weir နဲ့ မင်းသမီးချောလေး Min တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ ရူးရူးမူးမူး အားပေးခဲ့ရတဲ့ နာမည်ကြီး Lakorn ကို အခု ၂၀၂၆ မှာ ခေတ်မီမီနဲ့ အသစ်ပြန်လည်ရိုက်ကူးထားတဲ့ Remake ကားလေးပဲ ဖြစ်ပါတယ်။ ပင်အာနုန်ဟာ ခြံထဲမှာ ကြိုးကြိုးစားစားနဲ့ ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့ရဲ့ ရင်ထဲမှာတော့ အဝေးကို ရောက်နေတဲ့ သူ့ရဲ့ အချစ်ဦး နာ ပြန်လာမယ့်ရက်ကိုပဲ မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေခဲ့တာပေါ့။ ဒါပေမဲ့ အေးချမ်းနေတဲ့ သူ့ရဲ့ ဘဝလေးထဲကို မထင်မှတ်ထားဘဲ အန္တရာယ် အငွေ့အသက်တွေ အပြည့်ပါနေတဲ့ မုန်တိုင်းနဲ့တူတဲ့ လူစိမ်းတစ်ယောက်ဖြစ်တဲ့ ခွန်ယိုင် ရုတ်တရက် ဝင်ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းစပါတော့တယ်။ ဒီလူစိမ်းကြောင့်ပဲ ပင်ရဲ့ အချစ်ဦးအပေါ်ထားတဲ့ သစ္စာတရားကို အကြီးအကျယ် စမ်းသပ်လိုက်သလို ဖြစ်သွားပြီး၊ အေးချမ်းနေတဲ့ သူ့ဘဝလေးပါ လှုပ်ခတ်သွားတဲ့အခါ… "သစ္စာတရားဆိုတာ စမ်းသပ်မခံရခင်အချိန်ထိပဲ ခိုင်မြဲနေတတ်တာလား..." အခု ၂၀၂၆ Remake ဗားရှင်းသစ်ကရော အရင်လူကြိုက်များခဲ့တဲ့ မူရင်းကို လိုက်မီနိုင်မလားဆိုတာ ကိုယ်တိုင်ပဲ အကဲဖြတ် ရှုစားကြည့်ကြပါဦးစို့။