Movie Name
Siren's Kiss (2026)
Year
2026
Generes
Drama
Code
SKR1173
Type
Series
Size
3.66 GB
Country
Korea
Description
1-12 Complete ဒရမ်မာထွက်တိုင်း တစ်ကားဆိုတစ်ကား အရမ်းကြည့်ကောင်းတဲ့ မင်းသမီး Park Min-Young ကတော့ အခုတစ်ခေါက်မှာ နာမည်ကြီး ဂျပန်ဒရမ်မာ Ice World ကို remake ရိုက်ကူးထားတဲ့ Thriller, Romance ဒရမ်မာလေးနဲ့အတူ ပြန်လည် comeback လာပြီပဲ ဖြစ်ပါတယ်။ Park Min-Young နဲ့အတူ Squid Game ထဲက မင်းသား Wi Ha-Jun , Mr. Queen ထဲက မင်းသား Kim Jung-Hyun တို့ကပါ အတူ အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဟန်ဆောအာ (Park Min-Young) ကတော့ ငယ်စဉ်ကတည်းက ပန်းချီဆွဲရတာ အရမ်း ဝါသနာပါတဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့ရဲ့ဖခင် ပန်းချီဆရာကတော့ ပန်းချီလက်ရာအတု အရှုပ်တော်ပုံတစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ ဘွဲ့ရပြီးနောက်မှာ ဆောအာဟာ အဖေ့ကို အသုံးချပြီး သေတွင်းထဲအထိပါ တွန်းပို့ခဲ့တဲ့လူကို ရှာဖွေလက်စားချေဖို့အတွက် လေလံလောကထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ပါတော့တယ်။ အခုလက်ရှိမှာ ဆောအာဟာ အောင်မြင်တဲ့ လေလံမှူးတစ်ဦး ဖြစ်နေပြီဆိုပေမဲ့ သူ့ရဲ့နောက်ကို တကောက်ကောက်လိုက်နေတဲ့ အရိပ်ဆိုးကြီးတစ်ခုကလည်း ရှိလို့နေပြန်ပါတယ်။ အဲဒါကတော့ သူ့နား ချဉ်းကပ်လာတဲ့ အမျိုးသားတွေ အကုန်လုံး တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးကုန်ကြတာပါပဲ... တစ်ပြိုင်တည်းမှာပဲ အာမခံစစ်ဆေးရေးမှူး ချာဝူဆော့ (Wi Ha-Jun) ဆိုသူက ဆောအာ ဖုံးကွယ်လာခဲ့တဲ့ အတိတ်ကို ပြန်လည်တူးဆွပြီး ဆောအာကို ဖိအားပေးလာတဲ့အခါမှာတော့... တကယ်ပဲ ဆောအာရဲ့ သရုပ်မှန်က မိဘတွေကိုရော အချစ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ သနားစဖွယ် မင်းသမီးလေးဖြစ်မလား... အမျိုးသားတွေကို ဖြားယောင်းသတ်ဖြတ်ပြီး ရှင်သန်လာတဲ့ အဆိပ်ပြင်းပင့်ကူမလေး ဖြစ်နေမလားဆိုတာကိုတော့ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ရင်း အဖြေရှာကြစို့နော်။