-
Movie Name
-
Her Blaze (ရန်ငြိုးမီးလျှံ) (2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SC1121
-
Type
-
Series
-
Size
-
17.5 GB
-
Country
-
China
-
Description
-
1-30 Complete
အခုတစ်ခေါက် C drama fan တိုနဲ့ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ဉာဏ်ရည်မြင့်မိန်းမပျိုအကြောင်းပါ။ ဇာတ်ဆောင်က IQ မြင့်မိန်းမပျိုဖြစ်ပြီး မဟုတ်မမှန်လုပ်ကြံခံရမှုအတွက် ပြန်လက်စားချေတဲ့ဇာတ်အိမ်မျိုးပါ။ ဒီကားက friend to enemy ဖြစ်ပြီး Strong Female Lead မို ပရိတ်သတ်ရဲ့ taste နဲ့ ကိုက်မှာ အသေချာပါပဲ။
ဒီစီးရီးမှာ Zhao Zi Lu၊ Mabel Yuan၊ Ning Li နဲ့ Ma Si Chun တိုက အဓိကပါဝင်ထားတဲ့အပြင် ဇာတ်ကောင်တွေက ဝါရင့်တွေမို ဇာတ်လမ်းကလည်း လုံးဝမြိုင်ဆိုင်နေမှာတော့ အထူးပြောစရာမလိုတော့ပါဘူး။
ဇာတ်လမ်းအညွှန်း >>>
သင်္ချာပါရမီရှင်တစ်ဦးဖြစ်သူ ရောင်ယွီချီဟာ အရင်းနှီးဆုံးသူငယ်ချင်းနဲ့စီးပွားဖက်ဖြစ်သူ ပိုင်ကျင်းကျင်းရဲ့မဟုတ်မမှန်လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ သူဟာ မိခင်ဖြစ်သူကို ပြန်လည်တိုက်ခိုက်ခဲ့လို မူးယစ်ဆေးစွဲနေသူအဖြစ်စွပ်စွဲခံရကာ မိသားစုရဲ့ဖိအားပေးမှုကြောင့် Cardiac Health Treatment Center ကို ပိုဆောင်ခံလိုက်ရပါတယ်။ အဲအချိန်ကစပြီး မိသားစု၊ သူငယ်ချင်း၊ အချစ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအားလုံးဟာ သူ့ဘဝထဲကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ဘဝအမှောင်အတိကျသွားတဲ့ကာလတစ်လျှောက်လုံးမှာ ရောင်ယွီချီဟာ ချောက်တွန်းခဲ့သူရဲ့မျက်နှာကို လုံးဝမမေ့ခဲ့ပါဘူး။ သုံးနှစ်အကြာမှာတော့ ဆေးရုံက ဆင်းလာခဲ့ပြီး ရောင်ယွီချီဟာ ပိုင်ကျင်းကျင်းရဲ့မျက်နှာဖုံးကို ခွာချကာ ယုတ်မာတဲ့လုပ်ရပ်တွေကို လူသိရှင်ကြားဖွင့်ချဖို အသေးစိတ်ကျလှတဲ့လက်စားချေမှုအစီအစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းက ကြည့်နေကျ လက်စားချေဇာတ်အိမ်မဟုတ်ဘဲ Female Lead အသားပေးဖြစ်တဲ့အပြင် လူတွေရဲ့မနာလိုမှု၊ ဟန်ဆောင်မှုတွေကိုပါ လှစ်ဟပြထားတဲ့ဇာတ်လမ်းမို ကြည့်ရှုသူတွေ အားရကျေနပ်မဲ့ဇာတ်လမ်းမျိုးပါပဲ