-
Movie Name
-
In Your Radiant (2026)
-
Year
-
2026
-
Generes
-
Drama
-
Code
-
SKR1174
-
Type
-
Series
-
Size
-
5.57 GB
-
Country
-
Korea
-
Description
-
1-12 Complete
ရှင်သန်ရခြင်းအဓိပ္ပာယ် ပျောက်ဆုံးနေတဲ့ အင်ဂျင်နီယာကျောင်းသား ဆွန်းအူချန်း (Chae Jong-Hyeop) ဟာ
အခန်းဖော်ရဲ့ အကူအညီတောင်းမှုကြောင့် မိမိက ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ပြီး ဆုန်းဟာရန်း (Lee Sung-Kyoung) နဲ့ ချက်တင်ပြောရင်းကနေ ဘဝရဲ့နွေဦးကို ပြန်လည်တွေ့ရှိခဲ့ပေမဲ့လည်း
မထင်မှတ်ဘဲဖြစ်လာတဲ့ ဓာတ်ခွဲခန်းပေါက်ကွဲမှုကြောင့် ချန်းရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရပါတယ်။
ဒီလိုနဲ့ ၇ နှစ်အကြာမှာ မတော်တဆမှုရဲ့ နောက်ဆက်တွဲဒဏ်ကြောင့် မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်း ဆုံးရှုးထားတဲ့ အန်နီမေးရှင်း ကာရိုက်တာဒီဇိုင်နာ ချန်းနဲ့
ဒီဇိုင်နာဖြစ်လာတဲ့ ဟာရန်းတိုဟာ ပရောဂျက်တစ်ခုမှာ ပြန်လည် ဆုံစည်းဖြစ်ကြပါတော့တယ်။
ချန်းဟာ ကိုယ့်ရဲ့သရုပ်မှန်ကို မသိတဲ့ ဟာရန်းဆီကနေ ရှောင်ပြေးဖို ကြိုးစားပေမဲ့
ချစ်ရသူတွေကို ဆုံးရှုးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် ဟာရန်းက ခက်ခဲတဲ့ ဆောင်းရာသီကို ဖြတ်သန်းနေရတယ်ဆိုတဲ့အကြောင်း သိရှိလိုက်ရပြီးနောက် ..
ဟာရန်းကို ဆောင်းရာသီထဲက ဆွဲထုတ်ပေးဖို ဆုံးဖြတ်လိုက်တဲ့အခါမှာတော့...
တကယ်ပဲ ဆောင်းရာသီရဲ့အဆုံးမှာ ချန်းနဲ့ ဟာရန်းတိုနှစ်ဦးအတူ တောက်ပတဲ့နွေဦးကို ကြိုဆိုနိုင်ပါ့မလားဆိုတာကို အပတ်စဉ် သောကြာ ၊ စနေနေ့တိုင်း အတူစောင့်ကြည့်ကြစိုနော် ..