Movie Name
Cloverfield (2008)
Year
2008
Generes
Action, Adventure, Horror
Code
01000
Type
Movie
Size
699 MB
Country
Hollywood
Description
Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေ New York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။— Review —ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ အပေါ်မှာပြောထားသလိုပါပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ အကောင်ကြီးတွေက New York မြို့ကိုလာတိုက်ခိုက်တာဆိုတော့ တခြားဘာဇာတ်လမ်းမှသိပ်မရှိပေမဲ့ ဇာတ်ကားတစ်ကားလုံးက လုံးဝပျင်းဖို့မကောင်းအောင်ကြည့်တဲ့လူကိုဆွဲဆောင်ထားနိုင်တယ်။ တစ်ချို့အခန်းတွေဆိုရင် တိတ်ဆိတ်နေတဲ့ ညအမှောင်ကြီးမှာ အသံလေးသဲ့သဲ့လေးကြားရတာကိုက လန့်ဖို့ကောင်းတယ်။ ဒီဇာတ်ကားမှာသဘောကျတာက ရိုက်ကူးထားတဲ့လူကလိုက်မှတ်တမ်းတင်ထားသလိုရိုက်ထားတာကြောင့် အဲ့ဒီမြို့ထဲကို ကိုယ်တစ်ကယ်ရောက်သွားသလိုခံစားရမှာဖြစ်ပြီး သူတို့ဖြစ်နေတာလား ကိုယ်ဖြစ်နေတာလားဆိုတာတောင် ဝေခွဲရခက်လောက်အောင် ရိုက်ထားတာတော်တော်ကိုကောင်းပါတယ်။ တစ်ခုရှိတာက ဒီဇာတ်ကားက ကင်မရာကို Found Footage Film ပုံစံ လက်ကနေကိုင်ပြီးရိုက်ထားတဲ့ပုံနဲ့တင်ဆက်ထားတာဖြစ်တာကြောင့် Camera အရမ်းလှုပ်ရင် မူးတတ်တဲ့လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ဒီစာရေးတဲ့ ကျွန်တော်တောင် နှစ်ခါလောက်ခွဲကြည့်ရတယ်။ ပထမတစ်ခေါက်ကြည့်တုန်းက တစ်ဝက်လောက်ကြည့်ပြီး တော်တော်ခေါင်းမူးသွားတယ်။ အဲ့ဒါနဲ့ ဆက်မကြည့်နိုင်တော့လို့နောက်နေ့ကြမှထပ်ကြည့်တယ်။ ပြောရမယ်ဆိုရင် တစ်ကားလုံးကလှုပ်ခါနေတာကြောင့် ခေါင်းမူးလွယ်တဲ့လူတွေအနေနဲ့တော့ သိပ်အဆင်ပြေမယ်မထင်ပါဘူး။ တစ်ချို့အခန်းတွေဆိုရင်တော့ လှုပ်လွန်းအားကြီးလို့ မြင်ကွင်းတွေ မသဲကွဲတာမျိုးတွေလဲရှိပါတယ်။ ဒီကားထဲမှာပါတဲ့ သရုပ်ဆောင်တွေကလဲ တော်တော်ကောင်းပါတယ်။ အကောင်ကြီးတွေကြောင့်ဘယ်သွားလို့သွားရမှန်းမသိ ၊ ဘာလုပ်လို့လုပ်ရမှန်းမသိပဲ ကူရာကယ်ရာမဲ့ပြီး ကြောက်လန့်နေကြတာကို ကြည့်ရှုသူကိုမြင်အောင်ပုံဖော်နိုင်ပါတယ်။ အခုအချိန်က Superhero တွေခေတ်စားနေတာကြောင့် Superhero တွေကြားထဲက ခနလောက်ရုန်းထွက်ချင်တဲ့ ပိတ်သတ်တွေအတွက်ကြောင့် မပျင်းရပဲ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားအတွက် Budget က $25 Million အထိပဲသုံးထားပြီး $170 Million တောင်ပြန်ဝင်ထားတာဆိုတော့ နည်းနည်းရင်း များများမြတ်ပါပဲ။ ဒီဇာတ်ကားကိုရော ကြည့်ဖူးတဲ့ပိတ်သတ်တွေရှိလား။ ရှိခဲ့ရင်လည်း ဒီဇာတ်ကားအပေါ်ကိုယ့်အမြင်လေးတွေပြောသွားကြပါဦး။