Movie Name
Girls Judgment (2026)
Year
2026
Generes
Action, Comedy
Code
KR0675
Type
Movie
Size
529 MB
Country
Korea
Description
ငယ်စဉ်က မတော်တဆမှုကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရပြီး အဒေါ်ဖြစ်သူရဲ့အိမ်မှာ ကြီးပြင်းလာခဲ့တဲ့ ဂင်မင်အာ (Chae Won-Bin) က ခံနိုင်ရည်အားကောင်းပြီး တရားမျှတမှုကို အလွန်အလေးထားသူပါ။ မင်အာက အထက်တန်းကျောင်းမှာ ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေထိုင်သွားဖို့ ဆုံးဖြတ်ထားပေမဲ့ ပထမဆုံးနေ့မှာတင် ရုပ်ချောပြီး တရားမျှတပုံပေါ်တဲ့ ထိုင်ဖော်ထိုင်ဖက် အီမင်ဂီ (Kang Hee-Gu) ဆိုတဲ့ ကောင်လေးကို စိတ်ဝင်စားမိသွားခဲ့ပါတယ်။ တစ်နေ့မှာ အတန်းဖော်သူငယ်ချင်း ဂွမ်ရှစ် (Yoon Hyun-Soo) အနိုင်ကျင့်ခံနေရတာကို ကူညီရင်း လူမိုက်တွေနဲ့ ငြိစွန်းသွားတဲ့ မင်ဂီကို အတိုက်အခိုက်တော်တဲ့ မင်အာက လက်ပိုက်ကြည့်မနေရက်ဘဲ အားကစားဝတ်စုံဝတ် mask တပ်ပြီး ကယ်တင်ပေးလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်း တစ်ကျောင်းလုံးက အားကစားဝတ်စုံနဲ့ ကယ်တင်ရှင်ကြီးကို ရှာပုံတော်ဖွင့်ကြတဲ့အခါမှာတော့... မင်အာတစ်ယောက် သူ့ရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ရင်း အေးချမ်းတဲ့ သာမန်ကျောင်းသူဘဝလေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။