Movie Name
Justice For Jeni (2026)
Year
2026
Generes
Drama, Thriller
Code
IND1839
Type
Movie
Size
853 MB
Country
Bollywood
Description
NEET စာမေးပွဲကြီးအောင်လို့ ဆေးကျောင်းတက်ရတော့မဲ့ ပရီယန်ကာတို့ သူငယ်ချင်းအဖွဲ့။ ဆရာဝန်ဖြစ်ချင်ကြလို့ စာမေးပွဲရလဒ်ကို အချိန်အကြာကြီးစောင့်နေခဲ့ရသလောက် တစ်ဖွဲ့လုံးအောင်ကြတော့ ကမ္ဘာပေါ်မှာ သူတို့လောက်ပျော်တဲ့လူ မရှိတော့သလိုပေါ့။ ဒီလိုနဲ့ ဆေးကျောင်းမတက်ခင် တစ်ညအလို ပရီယန်ကာ့ဆီဖုန်းဝင်လာခဲ့တယ်။ ဆက်တဲ့လူက သူငယ်ချင်းဆစ်ဒါးသ်။ ညကြီးသန်းခေါင် ဘာအရေးများလဲဆိုပြီး ဖုန်းကိုင်တော့ ငယ်စဉ်တည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်းဂျင်းနီ အသ-တ်ခံရလို့ပါတဲ့ ငယ်ထိပ် မိုးကြိုးပစ်ခံရလိုက်သလို ခံစားချက်နဲ့ တလောကလုံး ဗြောင်းဆန်ကုန်တယ် ဆရာဝန်ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ဒီလိုအဖြစ်ဆိုးမျိုးကြုံရလို့ သူငယ်ချင်းတွေ ယူကြုံးမရ။ ပိုဆိုးတာက ရိုးရိုးတန်းတန်း‌ေသဆုံးခြင်းမဟုတ်ဘဲ ရက်ရက်စက်စက် အသ-တ်ခံထားရတာပါ နာမည်ကြီးသွားတဲ့ ဒီသတင်းနဲ့အတူ ဆေးကျောင်းသားတွေ ဆန္ဒပြကြပြီး ရဲတွေလည်း မအိပ်မနေ သဲလွန်စရှာရပါတော့တယ် ။ ကဲ အနီးဆုံးရန်သူက ဘယ်သူများဖြစ်မလဲ အတူတူကြည့်လိုက်ရအောင်လား။