Movie Name
Karikaada (2026)
Year
2026
Generes
Action, Comedy
Code
IND1840
Type
Movie
Size
1.63 GB
Country
Bollywood
Description
နှစ်ပေါင်း ၃၀ ကျော်ကြာ ကွာဟနေတဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကာလနှစ်ခုကို ချိတ်ဆက်ထားတဲ့ ကန်နာဒါ အက်ရှင်သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ပစ္စုပ္ပန်ကာလမှာ ဖခင်တစ်ယောက်ဖြစ်သူပရမ်ဟာ သူ့ရဲ့သမီးငယ်လေး ဂေါရီနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေစဉ်မှာပဲ၊ မမျှော်လင့်ဘဲ သမီးဖြစ်သူဟာ လူစိမ်းတစ်ယောက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ အဲဒီလူဟာ ပရမ်ကို အရင်ကတည်းက သိနေသလိုမျိုး အရိပ်အယောင်တွေ ပြသခဲ့ရာကနေ ဇာတ်လမ်းက ၁၉၉၂ ခုနှစ်ဆီကို နောက်ကြောင်းပြန်လှည့်သွားပါတယ်။ ၁၉၉၂ ခုနှစ်၊ ကာလာပူရရွာလေးမှာ ကာဒါဟာ နာမည်ကျော် တောဝက်မုဆိုးတစ်ဦးဖြစ်ပါတယ်။ သူ့ကို တိတ်တခိုးချစ်နေရတဲ့ ကာနာကာနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကြားထဲကို ဂုဏ်ဓနခွဲခြားမှုတွေ၊ သစ္စာဖောက်မှုတွေ ဝင်လာတဲ့အခါမှာတော့...။ အတိတ်က မပြီးပြတ်သေးတဲ့ ရန်ငြိုးတွေက ပစ္စုပ္ပန်မှာ ဘယ်လိုမျိုး ပြန်လည်ထွက်ပေါ်လာမလဲ၊ ကာဒါဟာ သမီးဖြစ်သူကို ကယ်တင်ရင်း သူ့ရဲ့ကံကြမ္မာဆိုးကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ဒီအက်ရှင်ဒရာမာ ရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားစရာကောင်းအောင် မြင်တွေ့ရမှာဖြစ်ပါတယ်...။